လီဂျင်းက ဂရိုတီရဲ့စွမ်းအားကို အကြမ်းဖျင်း
လောက်တော့သိပါတယ်။သူက မွေးရာပါစွမ်းအားအဆင့် ၅ ပိုင်ဆိုင်ထား
တယ်ဆိုတာ သေချာပါတယ်။ဒါပေမယ့် ဒီနေရာ
မှာရှိတဲ့ နတ်ဆိုးချီတွေက အလွန်အမင်းကို
များပြားလွန်းလှတဲ့အတွက် သူ့ရဲ့စွမ်းအားက
မဟာကောင်းကင်အဆင့် ချီစစ်သည်တော်
တွေထက်ပိုပြီးသာလွန်နိုင်ပါတယ်။ဒါကြောင့် သူ့ရဲ့စွမ်းအားက မဟာကောင်းကင်
အဆင့်ပညာရှင်တွေနဲ့ အတူတူပါပဲ။ပြီးတော့ လူသားချီစစ်သည်တော်တွေရဲ့စွမ်း
ရည်တွေက နတ်ဆိုးချီတွေထဲမှာ ဖိနှိပ်ခံထား
ရပေမယ့် သူ့ရဲ့စွမ်းအားတွေကတော့ ပိုပြီး
တိုးမြှင့်လာနိုင်ပါတယ်။ဒါကြောင့် ဂရိုတီလောက်အစွမ်းမထက်တဲ့
အကြိုကောင်းကင်အဆင့် နီယန်ကို ဂရိုတီက
အလွယ်တကူသတ်နိုင်တယ်ဆိုတာတော့
မထူးဆန်းပါဘူး။ဒါကြောင့်လဲ သူမကနီယန်ရဲ့လုံခြုံမှုအတွက်
စိုးရိမ်နေခဲ့တာပါ။ဒါပေမယ့် မီးနဂါးချပ်ဝတ်အင်္ကျီပေါ်လာမှု
ကြောင့် သူမရဲ့စိုးရိမ်မှုတွေ လွင့်ပျောက်သွားပါ
တယ်။ဘယ်လိုပဲဖြစ်ဖြစ် နီယန်မှာ စိတ်ဝိဥာဉ်
ပါတဲ့ရတနာတစ်ခုရှိတဲ့အတွက် သူတို့နှစ်ယောက်ရဲ့အစွမ်းတွေက အတူတူနီးပါးဖြစ်သွားပါပြီ။ဒါကြောင့် အခုမီးနဂါးချပ်ဝတ်အင်္ကျီပေါ်လာတဲ့
အတွက် နီယန်ကဂရိုတီနဲ့ယှဉ်ပြိုင်လို့ရသွားပြီဆိုတာသူမယုံကြည်သွားပါတယ်။ဒါကြောင့် သူမကအနည်းငယ်စိတ်သက်သာရာ
ရသွားပြီး နတ်ဆိုးမလေးဆာရာနဲ့တိုက်ခိုက်ဖို့
ပဲ အာရုံစိုက်လိုက်ပါတော့တယ်။ဘန်း..!..ဘန်း..!
မီးနဂါးချပ်ဝတ်အင်္ကျီကဆက်တိုက်လောင်ကျွမ်း
နေပြီး ကောင်းကင်နဲ့မြေကြီးကိုတောင်မီးလောင်
တိုက်သွင်းပစ်နိုင်တဲ့အပူချိန်မျိုးထုတ်လွှတ်ပေး
နေပါတယ်။ဓားနဲ့နတ်ဆိုးချီပေါင်းစပ်ထားတဲ့
မကောင်းဆိုးဝါးကြီးက ကြောက်စရာကောင်းတဲ့
မီးတောက်တွေကို မခံနိုင်တဲ့အတွက် တဖြေး
ဖြေးသေးငယ်လာနေပါတယ်။
YOU ARE READING
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...