"မင်းပဲ.."
ရှုလောင်ကိုမြင်လိုက်ရတဲ့အခါ ဟန်မူနဲ့အခြား
မဟာကောင်းကင်အဆင့် ပညာရှင်နှစ်ယောက်
တို့ရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အမူအရာတွေ
ပေါ်လာပါတယ်။သူတ်ို့တွေရဲ့ပုံစံက ရှုလောင်ကိုသိနေတဲ့ပုံစံ
ပါ။ဒါပေမယ့် ရှုလောင်က သူတို့ကိုဘာမှမပြောပါ
ဘူး။အဲဒီအစားသူက လိလန်ဖန်းကိုချက်ချင်း
တိုက်ခိုက်လိုက်ပါတယ်။ရှုလောင်ရဲ့အင်္ကျီလက်ထဲကနေ ချောက်နက်ကြီး
တစ်ခုထဲက နဂါးတစ်ကောင်ထွက်ပော်လာသလို
ငွေရောင်ဓားရှည်တစ်လက်ထွက်ပေါ်လာပါ
တယ်။အဲဒီဓားရှည်ကနေ ပတ်ဝန်းကျင်ကို
ပြင်းထန်တဲ့စွမ်းအားတွေထွက်ပေါ်လာပြီး
တလက်လက်တောက်ပနေပါတယ်။မျက်စိ
တမှိတ်အတွင်းမှာပဲ အဲဒီဓားက လိလန်ဖန်းရဲ့ရင်ဘတ်ဆီတိုးဝင်သွားပါတယ်။နဂိုတည်းက ဒဏ်ရာတွေပြည့်နေတဲ့လိလန်ဖန်း
က ရှုလောင်ကိုမြင်လိုက်တာနဲ့ မျက်နှာပျက်ယွင်းသွားပါတယ်။အစိမ်းရင့်ရောင်အလင်းအစုအဝေးလေးတွေက
သူ့ရဲ့ရင်ဘတ်ရှေ့မှာ ဖြစ်ပေါ်လာပြီး အဲဒီထဲမှာ
တလက်လက်တောက်ပနေပြီး ပြင်းထန်လွန်းတဲ့အစိမ်းရောင်အလင်းစက်လေးတွေပါဝင်နေပါ
တယ်။ဗုန်း..!.
ရှုလောင်ရဲ့ဓားနဲ့ အစိမ်းရောင်အလင်းအစုအဝေး
လေးထိတွေ့လိုက်တဲ့အခါ ချက်ချင်းပေါက်ကွဲ
သွားပါတယ်။ကြောက်ဖို့ကောင်းတဲ့အဆိပ်ရည်တွေသယ်
ဆောင်ထားတဲ့အစိမ်းရောင်အလင်းစက်တွေက
မရေမတွက်နိုင်တဲ့ ကြယ်လေးတွေလိုပဲ ပတ်
ပတ်လည်ကို ပျံ့နှံ့သွားပါတယ်။ပေါက်ကွဲသွားတာကို မြင်လိုက်ရတဲ့အခါ
ဆောင်းလီအပါအဝင် လိလန်ဖန်းရဲ့ပတ်လည်
မှာရှိနေတဲ့ လက်သည်းအဖွဲ့ဝင်တွေအားလုံးက
မီးပွားတွေနဲ့ထိတွေ့မှာစိုးတဲ့အတွက် နောက်ကို
အလျင်စလိုခုန်ဆုတ်လိုက်ပါတယ်။သူတို့ရဲ့
မျက်လုံးထဲမှာ စိုးရိမ်မှုတွေအထင်းသားပါပဲ။
أنت تقرأ
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
خيال (فانتازيا)ဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...