အခန်း (၂၈၁) ကြယ်အပိုင်းအစကျင့်စဉ်ကို နားလည်ခြင်း

566 67 3
                                    



၃ ရက်​ကြာတဲ့​နောက်​ ​လေဟာနယ်​ပုံရိပ်​​ယောင်
တောင်​တန်း​ပေါ်မှာရှိတဲ့ သိပ်​သည်းလှတဲ့
သစ်​​တောတစ်​ခုမှာ...

နီယန်​က ​အဆင့်​ ၃ ရှိတဲ့ ​ရေခဲ​ကြေးခွံဖွတ်​တစ်
ကောင်​ရဲ့​ဘေးမှာ ​ဆောင့်​​ကြောင့်​ထိုင်​ပြီး
သူ့ရဲ့အ​ကြေးခွံ​တွေကို ဖြတ်​​တောက်​​နေပါတယ်​။
အဲဒီ​နောက်​မှာ သူက သစ်​သား​စည်​​တွေထုတ်​ယူပြီး သားရဲ​သွေး​တွေကို အထဲကိုထည့်​လိုက်
ပါတယ်​။

ဒီသစ်​​တောက ပိုင်​ချီချီပြလိုက်​တဲ့​နေရာဖြစ်​ပြီး
မှော်​သားရဲ​တွေကျက်​စားရာ​နေရာဖြစ်​ပါတယ်။

သစ်​​တောရဲ့ပတ်​လည်​မှာ အဆင့်​ ၂ နဲ့အ​ဆင့်​ ၃
ရှိတဲ့ ​မှော်​သားရဲ​ပေါင်းများစွာကျင်​လည်​ကျက်​စားကြပါတယ်။သူတို့ရဲ့ခွန်​အားက အကန့်​အသတ်​​တွေရှိ​တဲ့အတွက်​ နီယန်​က သူတို့ကိုသတ်
ဖို့သိပ်​မခဲယဉ်းခဲ့ပါဘူး။

ပိုင်​ချီချီ​ပြောတာအရဆိုရင်​​တော့ အဆင့်​မြင့်
မှော်​သားရဲ​တွေက သစ်​​တောရဲ့အလယ်​မှာပဲ
ရှိပါတယ်​။

သူမက ကိုယ်​တိုင်​ကိုယ်​ကျမမြင်​ဖူး​ပေမယ့်
အဲဒီထဲမှာ အ​ဆင့်​ ၄ ရှိတဲ့​မှော်​သားရဲ​တွေနဲ့
အဆင့်​ ၅ ရှိတဲ့​မှော်​သားရဲ​တွေ​တောင်​ ရှိတယ်
လို့ ကြားဖူးပါတယ်​။အဲဒီ​နေရာကအရမ်းကို
အန္တရာယ်​ရှိတဲ့အတွက်​ သစ်​​တောအတွင်းပိုင်း
ထဲဘယ်​သူမှမသွားရဲပါဘူး။အဲဒီထဲမှာ အဆင့်​ ၆
ရှိတဲ့ ​မှော်​သားရဲ​တွေ​တောင်​ ရှိ​နေနိုင်​ပါတယ်​။

အဆင့်​ ၅ ရှိတဲ့​မှော်​သားရဲတစ်​​ကောင်​ရဲ့ခွန်​အား
က ​မြေကမ္ဘာအ​ဆင့်​ပညာရှင်​တစ်​​ယောက်​နဲ့
တူညီပြီး​တော့ အဆင့်​ ၆ ရှိတဲ့​မှော်​သားရဲတစ်
ကောင်​က​တော့ တန်​ခိုးရှင်​အဆင့်​ရှိတဲ့​ပညာရှင်
တစ်​​ယောက်​နဲ့ ညီမျှပါတယ်​။

ပိုင်​ချီချီက သူ့ကို သစ်​​တောရဲ့အပြင်​ဘက်​ပိုင်းမှာ
ပဲ ​နေဖို့မှာလိုက်​ပြီး သစ်​​တောအတွင်းပိုင်းထဲကို
မသွားဖို့​သေချာမှာလိုက်​ပါတယ်​။

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now