အခန်း (၃၁၉) ကြယ်ကျောက်တုံးများ

430 51 0
                                    



ညနက်​သန်း​ခေါင်​မှာ နီယန်​က လီရဲနဲ့ပိုင်​ချီချီ
တို့​နေထိုင်​တဲ့ခြံဝန်းထဲကို ပြန်​လာပါတယ်​။

သူက သူ့ရဲ့​ကျောက်​ခန်း​လေးထဲကိုပြန်​သွားပြီး
ဒေါင်​ဘိုင်​ဂျီသူ့ကို​ပေးခဲ့တဲ့ သို​လှောင်​လက်
ကောက်​ထဲက ကြယ်​​ကျောက်​တုံး​တွေကို
သူ့ရဲ့သို​လှောင်​လက်​​ကောက်​ထဲကို​ပြောင်းထည့်
လိုက်​ပါတယ်​။

ဒေါင်​ဘိုင်​ဂျီက ကြယ်​စွမ်းအင်​များစွာပါဝင်​တဲ့
ဒီ​ကျောက်​တုံး​တွေကို ကြယ်​​ကျောက်​တုံး​တွေ
လို့​ခေါ်ခဲ့ပါတယ်​။

ဒေါင်​ဘိုင်​ဂျီက သူဘယ်​သူလဲဆိုတာကိုသိပြီး
နီယန်​က ကြယ်​အပိုင်းအစကျင့်​စဉ်​ကို​လေ့ကျင့်
နေတယ်​ဆိုတာကိုလဲ သိပါတယ်​။ကြေကွဲမြို့​တော်​တစ်​ခုလုံးကို အကာအကွယ်​​တွေနဲ့ဖုံးလွှမ်း
ထားတဲ့အတွက်​ သူက​ကောင်းကင်​​ပေါ်က
ကြယ်​စွမ်းအင်​​တွေကို စုပ်​ယူလို့မရပါဘူး။
ဒါ​ကြောင့်​ ကြယ်​​ကျောက်​တုံး​တွေက နီယန်
အတွက်​ ​တော်ေ​တာ်​ကိုအ​ရေးပါပါတယ်​။

ကြယ်​​ကျောက်​တုံး​တွေကိုသိမ်းပြီးတဲ့အခါ နီယန်
က ​မျက်​နှာဖုံး​လေးကိုထုတ်​ကြည့်​ပြီး တပ်ြ​ကည့်
လိုက်​တယ်​။အဖြူ​ရောင်​​​ရေခဲမျက်​နှာဖုံးက
နီယန်​ရဲ့မျက်​နှာနဲ့ တစ်​သားတည်းဖြစ်​သွားပြီး
သူ့ရဲ့မူရင်း မျက်​နှာပုံစံကိုလုံးဝဖုံးအုပ်​သွားပါ
တယ်​။

သူက ​ကြေးမုံမှန်​ကိုထုတ်​ကြည့်​လိုက်​ပါတယ်​။
အဲဒီ​ထဲမှာ သူက ​ကြေးမုံထဲမှာ ဘာထူးခြားမှုမှ
မရှိတဲ့မျက်​နှာ​ပြောင်​ကြီးကို​တွေ့လိုက်​ရပါတယ်။

ပြီး​တော့ နီယန်​ရဲ့မျက်​နှာနဲ့လုံးဝကိုကွာခြားပါ
တယ်​။

အဲဒီအချိန်​ကျမှ သူ့လိုမျိုးဘဝအမှန်​ကိုဖုံးကွယ်
ချင်​တဲ့လူ​တွေအတွက်​ မျက်​နှာဖုံးတစ်​ခုကဘယ်
လောက်​အ​ရေးပါလဲဆိုတာ သူနားလည်​သွားပါ
တယ်​။
"တကယ်​လို့ ငါက​လေဟာနယ်​အက်​ကွဲ​ကြောင်း
နိုင်​ငံကို စ​ရောက်​ကတည်းက မျက်​နှာဖုံးဝတ်
ထားမယ်​ဆိုရင်​ ငါ့ရဲ့ဘဝအမှန်​​ပေါ်သွားမှာကို
စိုးရိမ်​စရာမလို​တော့ဘူး။.."

"​ဒေါင်​ဘိုင်​ဂျီက ဘာလိုချင်​တာလဲ။.သူက ငါ့ကို
မှတ်​​မိ​ပေမယ့်​ ငါ့ရဲ့ဘဝအမှန်​ကို ထုတ်​​​ပြောဖို့
စိတ်​မဝင်​စားဘူး။ပြီး​တော့ ငါ့ကိုမျက်​နှာဖုံးတစ်​ခု
နဲ့ကြယ်​​ကျောက်​တုံး​တွေလဲ လက်​​ဆောင်​​ပေးခဲ့
သေးတယ်​။အဲဒီလူက တိုက်​ပွဲတစ်​ရာနိုင်​ငံက။
သူက ​ကောင်းကင်​တံခါးစမ်းသပ်​မှုကို ဝင်​ဖို့
အရည်​အချင်းမှီတဲ့အပြင်​ ​ကောင်းကင်​နယ်​​မြေ
ထဲမှာရှိတဲ့ သူ့ရဲ့ရန်​သူ​တွေအားလုံးကိုသတ်​ပစ်
ပြီး ကြယ်အပိုင်းအစအမှတ်​ကိုရခဲ့​သေးတယ်​။
အဲဒါ​ကြောင့်​ သူ့ရဲ့စွမ်းရည်​ကလဲ ထူးခြားတယ်
လို့​ပြောလို့ရတယ်​။.."

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now