အခန်း (၂၂၅) ကမ္ဘာပေါ်က ၁၀ခုမြောက်နိုင်ငံ

634 90 0
                                    



နေထွက်​လာတဲ့အချိန်​ အဆုံးမရှိတဲ့ ​ကောင်း
ကင်​​ပေါ်မှာ အလင်းတန်းတစ်​ခုလိုလျှင်​မြန်​စွာ
ခရီးနှင်​​နေတဲ့ ​လှေ​လေးတစ်​စင်းကို မြင်​​နိုင်​ပါ
တယ်​။

လှေက ၅ မီတာ​လောက်​ရှည်​ပြီး​တော့
ဘာနဲ့လုပ်​ထားသလဲဆိုတာ​ကို​တော့ မသိရပါ
ဘူး။

လှေဝမ်းထဲမှာ စွမ်းအင်​​ကျောက်​တုံး​တွေပြည့်
နေပြီး သူတို့​တွေဆီက စွမ်းအင်​ကိုသုံး​နေတဲ့
အလား တလက်​လက်ေ​တာက်​ပ​နေပါတယ်​။

အချိန်​နဲ့အမျှ ဟွာမူကသူ့ရဲ့ပစ္စည်းထည့်​တဲ့
လက်​​စွပ်​ထဲက စွမ်းအင်​​ကျောက်​တုံး​တွေထုတ်
ပြီး ​လှေဝမ်းထဲကို ထည့်​​နေပါတယ်​။ကြည့်​ရတာ
စွမ်းအင်​​ကျောက်​တုံး​တွေက ​လှေဆက်​ပြီး
ပျံသန်းနိုင်​​အောင်​လို့ ​လောင်​စာဖြစ်​ပုံရပါတယ်​။

လှေသွား​နေတဲ့အရှိန်​က အရိုး​သွေးနတ်​ဆိုး
ထက်​ ၂ ဆ​လောက်​ကိုမြန်​ပါတယ်​။

ဟွာမူ​ဘေးမှာမတ်​တပ်​ရပ်​​နေရင်း နီယန်​က
လျှပ်​စစ်​​လှေပျံကို ကြည့်​ကာ စဉ်းစား​နေပါတယ်​။

ဟွာမူ​ပြောပုံအရဆိုရင်​ ဒီလျှပ်​စစ်​​လှေပျံက
အရမ်းကိုအဖိုးတန်​ပြီးရှားပါးပါတယ်​။စိတ်​ဝိဥာဉ်
ရတနာဂိုဏ်းမှာ​တောင်​ အဲဒီလို​လှေပျံတစ်​ခု
တည်​​ဆောက်​ဖို့ နည်းပညာနဲ့အရင်းအနှီးအလုံ
အ​လောက်​မရှိပါဘူး။

တကယ်​လို့ ချီစစ်​သည်​​တော်​တစ်​​ယောက်​သာ
ဒီလိုအရာတစ်​ခုနဲ့ခရီးသွားမယ်​​ဆိုရင်​ သူတို့ရဲ့
စွမ်းအား​တွေကို မကုန်​ဆုံး​စေရုံသာမက ခရီး
သွား​နေတဲ့အချိန်​အတွင်းမှာလဲ ​လေ့ကျင့်​လို့
ရနိုင်​ပါတယ်​။

ပုံမှန်​အ​နေနဲ့​ပြောရရင်​ ​ကောင်းကင်​နန်း​တော်
ဂိုဏ်းလိုအစွမ်းထက်​တဲ့ဂိုဏ်း​တွေသာ ဒီလိုမျိုး
တန်​ဖိုးရှိတဲ့​လှေပျံမျိုးကို သုံးနိုင်​ပြီး သူတို့ဂိုဏ်း
ရဲ့အ​ရေးပါတဲ့သူ​တွေကိုသာ သုံးခွင့်​ပြုမှာ​သေချာ
ပါတယ်။

ဟွာမူမှာဒီလိုမျိုးအစွမ်းထက်​တဲ့ ပစ္စည်းတစ်​ခု
ရှိတဲ့အတွက်​ နီယန်​​တော်​​တော်​အံ့အားသင့်​​နေပါ
တယ်​။

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now