"အာ.."
နီယန်လှုပ်ရှားလာတာကို သတိထားမိလိုက်
တဲ့အတွက် လိလန်ဖန်းက နီယန်ကိုနောက်
ကျောခိုင်းရင်းက ခေါင်းယမ်းလိုက်တယ်။
"ကိုယ့်အဆင့်ကိုယ်မသိတဲ့ နောက်တစ်ယောက်
လာပြန်ပြီ။.."လိလန်ဖန်းရဲ့မျက်လုံးထဲမှာတော့ နီယန်ရဲ့
လှုပ်ရှားမှုက အဓိပ္ပါယ်မရှိဘူးလို့ထင်နေပါတယ်။ခလွပ်..!.
လိလန်ဖန်းရဲ့ခြေဖဝါးအောက်ကနေ အစိမ်းရောင်အလင်းတန်းတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး
ရှိကွင်ကိုကာကွယ်ထားတဲ့ ကျောက်အလွှာကို
တိုက်ခိုက်နေပါတယ်။ကျောက်အလွှာကို ရှိကွင်ရဲ့ချပ်ဝတ်အင်္ကျီ
ကနေဖန်တီးထားတာဖြစ်ပြီး ဆက်တိုက် တိုက်
ခိုက်မှုတွေကြောင့် အဲဒါပျက်စီးသွားတာနဲ့
ရှိကွင်ကို လိလန်ဖန်းရဲ့အဆိပ်တွေက တိုက်စား
သွားတော့မှာပါ။အဆိပ်တွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုဝင်
လာပြီး သူ့ကိုအတွင်းရောအပြင်ရောကနေ
တိုက်စားသွားတော့မှာပါ။အဲဒီအချိန်ကျရင် လိလန်ဖန်းတောင်ဘာမှလုပ်
ဖို့မလိုတော့ပါဘူး။အဆိပ်တွေကတင် ရှိကွင်
ကိုသတ်ဖို့လုံလောက်ပါတယ်။ဒါကြောင့် ရှိကွင်က သူ့ကိုယ်သူကျောက်ရုပ်
လုပ်လိုက်ကတည်းက သိပ်မကြာခင်သေရ
တော့မယ်လို့ လိလန်ဖန်းကသတ်မှတ်ထားတာ
ပါ။သူလုပ်ဖို့လိုတာက အချိန်ယူကာရှိကွင်ကို
ကာကွယ်ပေးထားတဲ့ ကျောက်အလွှာကို
ဖျက်စီးဖို့ပဲလိုတာပါ။သူက နီယန်ရဲ့လှုပ်ရှားမှုကို သိပ်တော့ဂရုမစိုက်
ပါဘူး။ပုံမှန်အနေနဲ့ပြောရရင် အစောပိုင်း
ကောင်းကင်အဆင့်လူငယ်လေးတစ်ယောက်က
သူ့ကို အန္တရာယ်ပေးနိုင်လိမ့်မယ်လို့ သူမထင်ပါ
ဘူး။ချွင်..!..
သူကလက်ထဲမှာရှိတဲ့ခေါင်းလောင်းကိုဆက်
တိုက် လှုပ်ခါနေပါတယ်။
BẠN ĐANG ĐỌC
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Viễn tưởngဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...