တောင်ကြားထဲမှာ ရှိနေတဲ့ ပိုင်ချီချီနဲ့ ရှိကွင်တို့ တော်တော်တုန်လှုပ်သွားကြပါတယ်။အရင်ကဆိုရင် နီယန်က ရန်လင်းကိုခွန်အား
သီးသန့်နဲ့တိုက်တာကိုပဲ ပိုင်ချီချီမြင်ဖူးပါတယ်။
ရှိကွင်ကတော့ နီယန်တိုက်ခိုက်တာကို တစ်ခါ
မှမမြင်ဖူးပါဘူး။နီယန်က သူ့ရဲ့ထူးဆန်းတဲ့အားစက်ကွင်းနဲ့
အစိမ်းရင့်ရောင်ရေနံရံကို ဖျက်စီးပြီး ထွက်ဖို့
ကြိုးစားနေတဲ့အချိန်မှာ လိလန်ဖန်းနဲ့ ထိပ်တိုက်
ရင်ဆိုင်တိုက်ခိုက်ရဲတဲ့အတွက် သူတို့မယုံ
ကြည်နိုင်ဘူးဖြစ်နေပါတယ်။နီယန်ဖန်တီးထားတဲ့ စွမ်းအင်လုံးတွေထဲမှာ
သန့်စင်ထားတဲ့စွမ်းအားတွေအများကြီးပါဝင်
ပြီးတော့ နေရာကျဉ်းကျဉ်းလေးထဲမှာ စုစည်း
ထားတဲ့အတွက် တော်တော်ကိုမတည်ငြိမ်ပါဘူး။သူတို့တွေပေါက်ကွဲသွားတဲ့အခါ လိလန်ဖန်းက
တိုက်စားတတ်တဲ့ ရောင်စုံအလင်းစက်တွေ
ကြားထဲမှာ ပျောက်ကွယ်သွားပါတယ်။အဲဒီ
အလင်းစက်တွေက ဒီနိုင်ငံထဲက အဆိပ်တွေ
ဟုတ်ပုံမရပါဘူး။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရှိကွင်လဲ စွန့်အ
သွားပါတယ်။တကယ်လို့ နီယန်ရဲ့စွမ်းအင်လုံးတွေနဲ့အပေါက်
ခံရတဲ့သူက သူသာဖြစ်နေမယ်ဆိုရင် သူ
ဒဏ်ရာအပြင်းအထန်ရမှာ သေချာပါတယ်။ဒါပေမယ့် နီယန်က အကြိုကောင်းကင်အဆင့်
ပဲရှိပါသေးတယ်။ူသူက စွမ်းအားမြှင့်ပေးတဲ့ လက်နက်တစ်ခုရဲ့အကူအညီတောင်မပါဘဲ ဒီလောက်ကျင့်စဉ်
နိမ့်နိမ့်လေးနဲ့ အစွမ်းထက်တဲ့တိုက်ခိုက်မှုတွေ
တိုက်ခိုက်နိုင်တဲ့အတွက် ရှိကွင် သူ့မျက်လုံး
သူတောင်မယုံနိုင်ဘူးဖြစ်နေပါတယ်။"သူကအခုမှ ကောင်းကင်အဆင့်ပဲရှိသေးပေ
မယ့် သူ့ရဲ့တိုက်ပွဲစွမ်းရည်က တကယ်အစွမ်း
ထက်တာပဲ။တကယ်လို့ သူသာမြေကမ္ဘာအဆင့်
ကိုရောက်ရင် ဘယ်လောက်တောင်အစွမ်းထက်
မလဲမသိဘူး။.."
အဲဒီအတွေးတွေကြောင့် ရှိကွင်ရဲ့စိတ်ထဲမှာ
တော်တော်လှုပ်ရှားသွားပါတယ်။သူ့ရဲ့ချီစွမ်းအင်
ပင်လယ်ထဲကနေ ထုတ်ယူပြီးဖန်တီးထားတဲ့
စွမ်းအင်အကာအကွယ်တောင် လှုပ်ခတ်သွား
ပါတယ်။
ESTÁS LEYENDO
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasíaဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...