ဥက္ကာခဲကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းမှာ ပဋိပက္ခ
တွေတိုက်ပွဲတွေဆိုတာတော့ အမြဲတမ်းဖြစ်ပျက်
နေတာပါ။အခြားနိုင်ငံ ၉ ခုမှာဆိုရင်တော့ မိဘဘိုးဘွား
ရဲ့အရှိန်အဝါကြောင့် အချို့အစွမ်းသိပ်မရှိတဲ့
လူငယ်လေးတွေကို လေးစားနေကြရတဲ့
ဂိုဏ်းတွေရှိကြပါတယ်။ဒါပေမယ့် လေဟာနယ်အက်ကွဲကြောင်းနိုင်ငံ
မှာတော့ မတူပါဘူး။အခြားနိုင်ငံ ၉ ခုကနေ ထွက်ပြေးလာတဲ့ လူဆိုး
သူခိုးတွေချည်းပဲဖြစ်တဲ့အတွက်ကြောင့်
လေ့ကျင့်တဲ့သူတွေကို ပျုပျူငှါငှါဆက်ဆံတတ်တဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး။ဒီမှာဆိုရင် တစ်ချိန်လုံးတိုက်ပွဲတွေ ဖြစ်နေကြပါ
တယ်။လူတွေကလဲ ကြမ်းတမ်းရက်စက်ကြပါ
တယ်။သွေးအရိုးခေါင်းအဖွဲ့ခေါင်းဆောင်ရဲ့သားဖြစ်တဲ့
ကိုင်ယွမ်တောင်မှ သွေးအရိုးခေါင်းအဖွဲ့အကြီးအကဲတွေရဲ့လေးစားမှုရဖို့ လေဟာနယ်ပုံရိပ်
ယောင်တောင်တန်းမှာ နှစ်ပေါင်းများစွာတိုက်
ခိုက်ခဲ့ရပါတယ်။ကိုင်ယူအနေနဲ့တော့ သူ့အစ်ကိုက နီယန်ကို
ဧည့်သည်အကြီးအကဲတံဆိပ်ပြားပေးထားတဲ့
အတွက် သူ့မှာလဲ အဲဒီလိုတိုက်ပွဲစွမ်းရည်မျိုး
ရှိသင့်တယ်လို့ ထင်ပါတယ်။သူတို့ရဲ့ဧည့်သည်အကြီးအကဲတံဆိပ်ပြားကို
ရထားတဲ့ နီယန်ကလဲ သူမရဲ့အစ်ကိုနဲ့သွေးအရိုး
ခေါင်းအဖွဲ့သားတွေကို သက်သေပြဖို့ ဒီစစ်ဆင်
ရေးမှာ လနက်အဖွဲ့ကလူတွေကို အများကြီး
သတ်ပြလိမ့်မယ်လို့ ထင်ထားခဲ့ကြတာပါ။တကယ်လို့ နီယန်ကသူ့အစွမ်းကိုထုတ်မပြနိုင်
ခဲ့ရင် သူတို့အားလုံးက သူ့အစ်ကိုရဲ့ဆုံးဖြတ်မှု
ကို သံသယဝင်ကြမှာသေချာပါတယ်။ဒါပေမယ့် နီယန်ကတော့ ဘာမှမလုပ်ပဲကြည့်ပဲ
ကြည့်နေပါတယ်။သူက လနက်အဖွဲ့ဝင်တွေနဲ့
တိုက်ခိုက်ဖို့ ကြောက်နေတာလားအခြားရည်
ရွယ်ချက်ရှိနေတာလားဆိုတာ သူမလဲသေချာ
နားမလည်ပါဘူး။
ESTÁS LEYENDO
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasíaဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...