မိုးလင်းလင်းချင်းပဲ လီရဲက နီယန်ရဲ့အခန်းထဲ
ကိုလာပြီး သူ့ကိုခြံဝန်းထဲ ခေါ်သွားပါတယ်။ခဏကြာတဲ့အခါ မိုးပြာရောင်ဂါဝန်ရှည်လေး
ဝတ်ဆင်ထားတဲ့ ပိုင်ချီချီရောက်လာပါတယ်။၂ ပတ်လောက်ကြာမှ သူမကိုနောက်တစ်ကြိမ်
ပြန်တွေ့ရတာဖြစ်တဲ့အတွက် သူမရဲ့အလှတွေ
က နီယန်ကဖမ်းစားသွားပြန်ပါတယ်။သူက သူ့ရဲ့နှလုံးခုန်သံကို ထိန်းချုပ်နိုင်ဖို့
သူ့ရဲ့စိတ်ဝိဥာဉ်ထဲမှာရှိတဲ့ ကြယ်အပိုင်းအစ
တွေရဲ့စွမ်းအားကိုတောင် ထုတ်သုံးလိုက်ရပါ
တယ်။"ဟွာယန်...."
ပိုင်ချီချီက လှလှပပလေး လမ်းလျှောက်လာပါ
တယ်။နီယန်ကို ကြည့်ပြီး သူမက လီရဲကိုလှမ်း
မေးလိုက်တယ်။
"သူက ဒီမှာဘာလုပ်နေတာလဲ..""စီနီယာအစ်မပိုင်..သူ့ရဲ့ကျင့်စဉ်အဆင့်က
နိမ့်ပေမယ့် သူ့ရဲ့ခွန်အားကတော်တော်အံ့သြဖို့
ကောင်းတယ်။.."
လီရဲက အမြန်ရှင်းပြလိုက်တယ်။
"သူက ကျောက်နက်သစ်သားကိုတောင်
ချီစွမ်းအားမသုံးပဲ ဖြတ်ခဲ့တာ။အစ်မလဲ သိတဲ့
အတိုင်းပဲ ကျွန်တော်တို့သွားမယ့်နေရာက
ထူးခြားတယ်လေ။ကျွန်တော်တို့ ချီစွမ်းအင်တွေ
ပိုများများသုံးလေ ပိုပြီးအန္တရာယ်များလေပဲ။.""တကယ်လို့ ကျွန်တော်တို့သူ့ကို အတူတူခေါ်
သွားမယ်ဆိုရင် ကျွန်တော့်တို့အတွက် အန္တရာယ်မရှိနိုင်ဘဲ ပစ္စည်းတွေလဲအများကြီးသယ်နိုင်
လိမ့်မယ်။.."ပိုင်ချီချီက ခဏလောက်စဉ်းစားပြီးပြောလိုက်
တယ်။
"သူ့ရဲ့ကျင့်စဉ်ကအရမ်းနိမ့်တယ်။သူက အဆိပ်
ရှိချီစွမ်းအင်တွေရဲ့တိုက်စားမှုဒဏ်ကို မခံနိုင်မှာ
စိုးရတယ်။ပြီးတော့ ငါတို့သွားချင်တဲ့နေရာကို
မရောက်ခင် သူရူးသွားမှာစိုးရတယ်။ငါတို့မှာက
လုပ်စရာရှိတယ်။သူ့ကြောင့်မနှောင့်နှေးချင်ဘူး"
YOU ARE READING
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...