အခန်း (၃၂၄) စွမ်းအားနှစ်မျိုးရဲ့အနှစ်သာရတွေကို စဉ်းစားတွေးခေါ်ခြင်း

438 50 0
                                    



အချိန်​​တော်​​တော်​ကြာတဲ့တိုင်​​အောင်​ နီယန်​က
ထူးခြားတဲ့ကမ္ဘာက​နေ သူသင်​ယူခဲ့ရတဲ့
အစွမ်းထက်​​မှော်​ပညာ​များစွာနဲ့ မီးစွမ်းအင်​၊
ကြယ်​စွမ်းအင်​​တွေရဲ့ထူးခြားမှု​တွေကို ​သေချာ
အာရုံစိုက်​ပြီး ပြန်​​လေ့လာ​နေပါတယ်​။

တစ်​ခါတရံသူက သစ်​သားစွမ်းအင်​နဲ့ပက်​သက်
တဲ့ထူးခြားမှု​တွေကို အချိန်​ယူပြီး​လေ့လာ​နေပါ
တယ်​။

သူက ​နောက်​အဆင့်​ကိုတက်​နိုင်​ဖို့ဆိုရင်
သူ့ရဲ့ချီစွမ်းအင်​ပင်​လယ်​ထဲမှာရှိတဲ့ စွမ်းအား
တွေအားလုံး​ကို ​သေချာနားလည်​ထားဖို့လိုအပ်
ပါတယ်​။စွမ်းအင်​​တွေစု​ဆောင်းပြီး သန့်​စင်​ရုံနဲ့
တော့ မလုံ​လောက်​​သေးပါဘူး။

အစိမ်း​ရောင်​စွမ်းအင်​​တွေက အသစ်​​ရလာတဲ့
သွေးသားစွမ်းအင်​​​​တွေကို မစုပ်​ယူ​တော့တဲ့
အတွက်​ အဲဒီစွမ်းအား​တွေက သူ့ခန္ဓာကိုယ်​ထဲ
မှာပျံ့နှံ့သွားပြီး သူ့ရဲ့သစ်​သားစွမ်းအင်​ဝဲဂယက်
က ​​တော်​​တော်​​ပြောင်းလဲလာတာကို နီယန်
အာရုံခံမိလိုက်​ပါတယ်​။ပြီး​တော့ သစ်​သားစွမ်းအင်​နဲ့ပက်​သက်​ပြီးသူသိထားတာ​တွေက မလုံ
လောက်​​သေးဘူးဆိုတာကို သူနားလည်​သွားပါတယ်​။

အဲဒီလိုနားလည်​လာခဲ့တဲ့အတွက်​ သူလမ်း​ကြောင်းမှန်ကို ​တွေ့လိုက်​ရပါတယ်​။နောက်​ရက်​​တွေ
မှာ သူကသစ်​သားစွမ်းအင်​နဲ့ပက်​သက်​ပြီး
သူစု​ဆောင်းထားတဲ့ ​ပေရွက်​​တွေကိုထုတ်​လိုက်
ပါတယ်​။သူတို့ထဲကအများစုက လနက်​အဖွဲ့ကပညာရှင်​​တွေနဲ့ မုဆိုး​တွေဆီက ဖြစ်​ပါတယ်​။
အဲဒီ​နောက်​မှ​တော့ သူကအဲဒီစာ​တွေကို
တစ်​ချိန်​လုံးဖတ်​ပါ​တော့တယ်​။

အချို့​ပေရွက်​​တွေက သစ်​သားစွမ်းအင်​ကိုဘယ်​လိုအသုံးပြုရမလဲဆိုတာနဲ့ဆက်​စပ်​​နေတဲ့အစွမ်း
တွေ နည်းစနစ်​​​တွေကို ​ရေးသားထားပါတယ်။
အချို့​ပေရွက်​​တွေကျ​တော့ သစ်​သားစွမ်းအင်​ရဲ့
သ​ဘောတရား​တွေကို ​ရေးသားထားပါတယ်။

ရက်​​အနည်းငယ်​​လောက်​ အာရုံစိုက်​ပြီး​လေ့လာ
ပြီးတဲ့​နောက်​မှာ သစ်​သားစွမ်းအင်​နဲ့သစ်​သား
စွမ်းအင်​နည်းစနစ်​​တွေအ​ကြောင်းကို နီယန်​ရဲ့
နားလည်​နိုင်​မှုက အဆင့်​တစ်​ခုအထိ မြင့်​တက်
လာပါတယ်​။

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Hikayelerin yaşadığı yer. Şimdi keşfedin