မှာစရာရှိတာ မှာပြီးတဲ့အခါ လီရဲက နီယန်ကို
ခရီးသွားပေါ်တယ်ရှိရာကို ခေါ်သွားဖို့ ပြင်လိုက်
တယ်။သူတို့ထွက်သွားဖို့ ပြင်နေတုန်းမှာပဲ
ဟူဟန် ပေါ်လာပါတယ်။"အော်..မင်းပဲ။.."
လီရဲက ပြောလိုက်တယ်။
"ငါ ဟွာယန်ကို လေဟာနယ်ပုံရိပ်ယောင်
တောင်တန်းကိုသွားဖို့ စီစဉ်ပေးမလို့ ..။ခဏနေ
ပြန်လာခဲ့မယ်။..""လေဟာနယ်ပုံရိပ်ယောင်တောင်တန်းလား."
ဟူဟန်က အံ့အားသင့်သွားပုံရပြီး နီယန်ကို
မျက်လုံးပြူးကာ ကြည့်လိုက်ပါတယ်။
"သူက အခုမှ အကြိုကောင်းကင်အဆင့်ပဲရှိ
သေးတယ်။သူအဲဒီကို သွားရင် အကြမ်းဖက်
ခံရလိမ့်မယ်။.."လီရဲက နှာခေါင်းရှုံ့ပြီးပြောလိုက်တယ်။
"သူ ခရီးအဝေးကြီးသွားစရာမလိုဘဲ လေဟာ
နယ်ပုံရိပ်ယောင်တောင်တန်းအလယ်ကို တန်း
ရောက်သွားမှာ.."အဲဒီစကားတွေကို ကြားတဲ့အခါ ဟူဟန်ရဲ့မျက်
လုံးက လင်းလက်သွားပြီး တောင်းပန်တဲ့လေသံ
နဲ့ပြောလိုက်တယ်။
"သခင်လေးလီ..
ကျွန်မ သခင်လေးအတွက်အလုပ်လုပ်ပေးတာ
တစ်နှစ်ကျော်ပြီ။ကျွန်မမှာ စွမ်းအင်ကျောက်တုံး
နည်းနည်းပဲရှိတယ်။ဒါကြောင့် သူနဲ့အတူ
လေဟာနယ်ပုံရိပ်ယောင်တောင်တန်းကိုသွားပြီး
ကျွန်မရဲ့ကံကို စမ်းသပ်ချင်တယ်။ပြီးတော့ သူ့ရဲ့
ကျင့်စဉ်အဆင့်ကလဲ အရမ်းနိမ့်တယ်လေ။သူ
အဲဒီကို လမ်းလျှောက်ပြီးမသွားရင်တောင်
အဲဒီမှာ တစ်ယောက်တည်းနေဖို့ သူ့အတွက်
အန္တရာယ်များလွန်းတယ်။ကျွန်မ သူ့ကိုစောင့်
ရှောက်ပေးနိုင်ပါတယ်.."ဟူဟန်က လီရဲကိုလက်နက်လုပ်ဖို့ အချိန်
တော်တော်ကြာကူညီပေးခဲ့ပေမယ့် သူကသူမ
အပေါ် ဘယ်တုန်းကမှနွေးနွေးထွေးထွေး
မဆက်ဆံခဲ့ပါဘူး။လီရဲက သူမကို သူ့ရဲ့အကူတစ်ယောက်လို
တောင်မဆက်ဆံနိုင်ဘူးဆိုတာ သူမသေချာသိ
ပါတယ်။လေဟာနယ်အစွမ်းပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုင်ချီချီက လေဟာနယ်ပုံရိပ်ယောင်
တောင်တန်းမှာ ခရီးသွားပေါ်တယ်အသေးလေး
တစ်ခုတည်ဆောက်ထားတယ်ဆိုတာ သူမ
သေချာသိထားပါတယ်။
YOU ARE READING
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...