သွေးဂိုဏ်းထဲမှာ..လီဂျင်းရဲ့ခေါင်းပေါ်မှာလွင့်မျောနေတဲ့ သွေး
အရိပ်ကြီးက မြေကွက်လပ်ရဲ့ဘေးမှာပျံ့ကြဲ
နေတဲ့ သွေးကန်တွေထဲက မှော်သားရဲသွေး
တွေကို လျှင်မြန်စွာစုပ်ယူနေပါတယ်။ဒါပေမယ့် အဲဒီရေကန်တွေထဲမှာတော့ သွေးတွေ
သိပ်မကျန်တော့ပါဘူး။အဲဒီအချိန်မှာ များပြားလှတဲ့အဆင့်နိမ့်နတ်ဆိုး
တွေက အနီရောင်အလင်းအကာအကွယ်ကို
စွမ်းအားအပြည့်နဲ့ဆက်လက်တိုက်ခိုက်နေတုန်း
ပါပဲ။နတ်ဆိုးချီတွေက အရမ်းကိုသိပ်သည်းလွန်းလှတဲ့အတွက် အရည်အနေအထားမျိုးတောင်
ဖြစ်နေပါတယ်။ပြီးတော့ အလင်းအကာအကွယ်
နဲ့ထိမိတဲ့နေရာတွေကနေ ထိခိုက်မိသံတွေ
ထွက်ပေါ်လာနေပါတယ်။နတ်ဆိုးချီတွေက
အကာအကွယ်ကိုတိုက်စားနေတယ်ဆိုတာ
သေချာပါတယ်။အလင်းအကာအကွယ်အောက်မှာရှိနေတဲ့
သွေးဂိုဏ်းက တပည့်တိုင်း သွေးကန်တွေကို
တုန်လှုပ်ခြောက်ခြားစွာကြည့်နေကြပြီး သွေး
ကန်တွေခမ်းခြောက်သွားတာနဲ့ သွေးအရိပ်ကြီး
မှာ စွမ်းအားအထောက်အပံ့တွေမရှိတော့ဘဲ
သူတို့ရဲ့အကာအကွယ်လဲ ပျက်စီးရတော့မယ်ဆို
တာ သူတို့ကောင်းကောင်းသိကြပါတယ်။တကယ်လို့ အဲဒီလိုသာဖြစ်လာခဲ့ရင် မရေမ
တွက်နိုင်တဲ့အဆင့်နိမ့်နတ်ဆိုးတွေက အထဲကို
ဝင်လာပြီး သူတို့တွေကို ပြင်းပြင်းထန်ထန်
တိုက်ခိုက်ကြတော့မှာပါ။အဲဒီလိုအခြေအနေကို ဂရိုတီ၊ဆာရာနဲ့အခြား
အဆင့်မြင့်နတ်ဆိုး ၄ ယောက်တို့ စောင့်နေကြတာပါ။"ငါတို့အကြာကြီးထိန်းမထားနိုင်တော့ဘူး။."
သူတို့တွေမှာ မှော်သားရဲသွေးတွေကုန်ဆုံးသွား
တော့မှာဖြစ်ပြီး သူမရဲ့ပတ်လည်မှာရှိတဲ့သွေး
စွမ်းအင်တွေကလဲ တဖြေးဖြေးဖျော့တော့လာ
တာကို ဂိုဏ်းခေါင်းဆောင်လီဂျင်းသေချာ
သတိထားမိပါတယ်။နောက်ဆုံးတော့ သူမလဲ
မနေနိုင်တော့ဘဲ လှမ်းအော်လိုက်တယ်။
"ယူတုန်းကိုဆက်သွယ်ပြီး သူတို့ဆီကအခြေ
အနေကိုလှမ်းမေးလိုက်ဦး.."
STAI LEGGENDO
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...