လေဟာနယ်အက်ကွဲကြောင်းနိုင်ငံမှာ..ကြေကွဲမြို့တော်ရဲ့အလယ်မှာ ချီစစ်သည်များ
စွာက လေဟာနယ်ခရီးသွားပေါ်တယ်ကြီးရဲ့
အနားမှာစုရုံးနေကြပါတယ်။ခဏကြာတိုင်း ပေါ်တယ်ကနေ တောက်ပတဲ့
အလင်းရောင်တွေ ထွက်ပေါ်လာပြီး ပေါ်တယ်
ရဲ့အလယ်ကနေ လူပုံစံတွေပေါ်လာပါတယ်။
့အဲဒီအခါကျမှ အနက်ဝတ်ချီစစ်သည်တော်တွေ
က သူတို့ဆီကိုလျှောက်သွားပြီး စွမ်းအင်
ကျောက်တုံးတွေ တောင်းဆိုပါတယ်။စွမ်းအားကျောက်တုံးတွေက ခရီးသွားပေါ်တယ်
ရဲ့အကွာအဝေးပေါ်မူတည်ပြီး ကုန်ဆုံးပါတယ်။
ဒါပေမယ့် အပေးအယူကတော့ ပေါ်တယ်ကို
သုံးချင်တယ်ဆိုရင် ဘယ်သူဖြစ်ဖြစ် စွမ်းအင်
ကျောက်တုံးတွေပေးဖို့လိုအပ်ပါတယ်။ကြေကွဲမြို့တော်ကို ပထမဆုံးလာတဲ့သူတွေက
တော့ သူတို့တွေမြို့ထဲမှာနေဖို့ သက်သေခံကဒ်
ပြားလုပ်ဖို့ လိုပာတယ်။FIZZ.!.FIZZ.!
ပေါ်တယ်က အရောင်တွေတလက်လက်တောက်ပလာပြန်ပါတယ်။တောက်ပတဲ့အလင်းရောင်
တွေကုန်ဆုံးသွားတာနဲ့ နီယန်နဲ့ဟွာမူတို့လဲ
ပေါ်တယ်ထဲကနေ ထွက်ပေါ်လာပါတယ်။အဲဒီအချိန်မှာပဲ အနက်ရောင်ဝတ်ချီစစ်သည်
တော်တစ်ယောက်က သူတို့ဆီကို လျှင်မြန်စွာ
ချည်းကပ်လာပါတယ်။"စွမ်းအင်ကျောက်တုံး ၃ ရာပါ။.."
အဲဒီလူက ပုံမှန်လေးပဲပြောလိုက်တယ်။ဟွာမူက စကားတစ်ခွန်းမှမပြောဘဲ ခေါင်းငြိမ့်
လိုက်တယ်။အဲဒီနောက်မှာ သူ့ရဲ့ပစ္စည်းထည့်တဲ့
လက်စွပ်ထဲကနေ စွမ်းအင်ကျောက်တုံး ၃ရာ
ထုတ်ပြီး အဲဒီလူဆီကို ထုတ်ပေးလိုက်ပါတယ်။နီယန်က သူ့ရဲ့စိတ်စွမ်းအားနဲ့ သူ့ရဲ့စိတ်ဝိဥာဉ်ထဲ
မှာရှိတဲ့ ကြယ်အပိုင်းအစလေးတွေကို ပေါင်းစပ်
အသုံးပြုလိုက်ပါတယ်။အဲဒီနောက်မှာတော့
အဲဒီကောင်းကင်မျက်လုံးနဲ့ အဲဒီလူရဲ့ကျင့်စဉ်
အဆင့်ကို စစ်ဆေးကြည့်လိုက်တယ်။အဲဒီလူ
က အစောပိုင်းမဟာကောင်းကင်အဆင့်ပါ။..
ESTÁS LEYENDO
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasíaဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...