အခန်း (၃၁၅) သွေးတိုက်ခိုက်ရေးကွင်း

573 83 1
                                    



သွေးတိုက်​ခိုက်​​ရေးကွင်းရဲ့​ရှေ့မှာ လူ​တွေပျား
ပန်းခတ်​မျှလှုပ်​ရှားသွားလာ​​နေကြပါတယ်​။

သွေးအရိုး​ခေါင်းအဖွဲ့ရဲ့ဌာနချုပ်​ကို ပစ္စည်း​တွေ
လက်​နက်​​တွေဝယ်​ဖို့လာတဲ့သူ​တွေနဲ့ မြို့ထဲမှာ
ရှိ​နေတဲ့ အခြားဧည့်​သည်​အကြီးအကဲ​တွေ
အားလုံး နီယန်​နဲ့ရှိနန်​တို့ရဲ့အ​ကြောင်းကိုကြားတဲ့
အခါ ဒီ​နေရာကို​ရောက်​လာကြပါတယ်​။

သိပ်​မကြာ​သေးခင်​တုန်းကမှ နီယန်​ရဲ့နာမည်​က
ကြေကွဲမြို့​တော်​ထဲမှာ လူသိများလာပါတယ်​။
လူတိုင်းနီးပါးသူ့အ​ကြောင်းကိုသိချင်​ကြပါတယ်​။

ရှိနန်​က​တော့ ရှိဟိုင်​ရဲ့တူဖြစ်​ပြီး ​သွေးအရိုး​ခေါင်း
အဖွဲ့ရဲ့ဧည့်​သည်​အကြီးအကဲတစ်​​ယောက်​ဖြစ်​တဲ့
အတွက်​ ​ကြေကွဲမြို့​တော်​ထဲမှာ အတန်​အသင့်
တော့လူသိများပါတယ်​။

ဒါ​ကြောင့်​ လူ​တွေက​သွေးတိုက်​ခိုက်​​ရေးကွင်း
ထဲက သူတို့ရဲ့တိုက်​ပွဲကို ကြားလိုက်​တာနဲ့
သူတို့လုပ်​​နေတဲ့အလုပ်​​တွေကို ထားခဲ့ပြီး
တိုက်​ပွဲကို လာကြည့်​ကြပါတယ်​။

ရုပ်​ဖျက်​ထားတဲ့​ဒေါင်​ဘိုင်​ဂျီနဲ့​ဒေါင်​လီတို့ကလဲ
လူ​တွေကြားထဲမှာ ရှိ​နေပါတယ်​။

အရင်​နဲ့လုံးဝကိုမတူညီတဲ့ရုပ်​ရည်​​ကြောင့်
မောင်​နှမနှစ်​​ယောက်​ရဲ့ပုံစံက ​ဘေးမှာကြည့်​​နေ
တဲ့သူ​တွေနဲ့ ဘာမှမခြားနားပါဘူး။တသားတည်း
ရောဝင်​​နေပါတယ်​။

လူအုပ်​ကြီးထဲမှာ ရပ်​​နေရင်း သူတို့က ​သွေး
တိုက်​ခိုက်​​ရေးကွင်းရဲ့တံခါးနားမှာ ရပ်​​နေတဲ့
နီယန်​ကို လှမ်းကြည့်ေ​နပါတယ်​။

ဒေါင်​ဘိုင်​ဂျီက ​သူ့​ဘေးမှာရပ်​​နေတဲ့​ဒေါင်​လီကို
ပြုံးပြီး​ပြောလိုက်​တယ်​။
"ငါတို့​တွေ​ကြေကွဲမြို့​တော်​ထဲကို ​ရောက်​တာနဲ့
ဒီလိုပွဲကြီးပွဲ​ကောင်းကို​တွေ့ရလိမ့်​လို့ ထင်​မထား
ဘူး။နီယန်​ကို ​သွေးအရိုး​ခေါင်းအဖွဲ့က အရမ်း
ကိုအ​လေးထားတယ်​ထင်တယ်​။အဲဒါ​ကြောင့်
အခြားဧည့်​သည်​​အကြီးအကဲ​တွေက မ​ကျေမနပ်
ဖြစ်​ကြတာဖြစ်​မယ်​။နီယန်​က အ​စောပိုင်း​ကောင်းကင်​အဆင့်​။ရှိနန်​က​တော့ ​နောက်​ပိုင်း​ကောင်းကင်​အဆင့်​။ဘယ်​သူနိုင်​မယ်​လို့နင်​ထင်​လဲ။."

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now