အခန်း (၃၁၆) ပြတ်ပြတ်သားသားအနိုင်ယူုခြင်း

428 55 1
                                    


စွမ်းအားတိုင်​ကို ပြင်းပြင်းထန်​ထန်​တိုက်​မိသွား
ပြီး ရှိနန်​က​မြေ​ပေါ်ကို ကျသွားကာပြန်​မထနိုင်
တော့ပါဘူး။

သူ့ပါးစပ်​​ထောင့်​က​နေ ​သွေး​တွေဆက်​တိုက်
ကျလာ​နေပြီး သူကမတ်​တပ်​ပြန်​ရပ်​ဖို့ ကြိုးစား
ကြည့်​လိုက်​တယ်​။ဒါ​ပေမယ့်​ သူက အကြိမ်
အနည်းငယ်​ကြိုးစားပြီးတာ​တောင်​ ပြန်​မထနိုင်
တော့တဲ့အတွက်​ သူလက်​​လျော့လိုက်​ပါတယ်​။
ကြမ်းပြင်​​ပေါ်မှာထိုင်​​နေရင်း သူက နီယန်​ကို
စိုက်​ကြည့်​​နေပါတယ်​။

ဒေါသလက်​သီးနဲ့ထိုးပြီးသွားတဲ့အခါ နီယန်​က
သူ့ကိုတစ်​ချက်​က​လေး​တောင်​ ပြန်​မကြည့်​​တော့
ဘဲ စင်​မြင့်​​ပေါ်က​နေ ထွက်​သွားပါတယ်​။

ပတ်​ပတ်​လည်​မှာ ကာရံထားတဲ့စွမ်းအားတိုင်
တွေက ပွင့်​သွားပြီးနီယန်​အတွက်​ လမ်းဖွင့်​​ပေး
လိုက်​ကြပါတယ်​။

အဲဒီအချိန်​ကျမှ ကြည့်​​နေတဲ့သူ​တွေလဲ တိုက်​ပွဲ
ပြီးဆုံးသွားပြီဆိုတာ နားလည်​လိုက်​ပါတယ်​။

သွေးတိုက်​ခိုက်​​ရေးကွင်းထဲမှာ ​အော်​ဟစ်​သံ​တွေ
ဆူညံ​နေပါတယ်​။

"ငါမြင်​​နေရတာ မှန်​ပါတယ်​​နော်​။ရှိနန်​က တိုက်
ခိုက်​မှုတစ်​ခုတည်းကို​တောင်​ မခံနိုင်​ဘူး။ပြီး
တော့ အခုဆိုရင်​ ​ထ​တောင်​မထနိုင်​ဘူး။.."

"ဘာဖြစ်​သွားတာလဲ။..ဖြစ်​ပျက်​သွားတာအရမ်း
မြန်​တဲ့အတွက်​ ငါ​သေ​သေချာချာ​တောင်​မမြင်
လိုက်​ရဘူး။ဟွာယန်​က ရှိနန်​ရဲ့​ရှေ့မှာရုတ်​တရက်​​ပေါ်လာပြီး သူ့ကိုလက်​သီးနဲ့ထိုးလိုက်​တာပဲ
မြင်​လိုက်​ရတယ်​။ပြီး​တော့ ရှိနန်​လွင့်​ပျံသွားတာပဲ"

"ဒါအ​စောပိုင်း​ကောင်းကင်​အဆင့်​တိုက်ခိုက်ေ​​ရး
သမားတစ်ေ​ယာက်​နဲ့​နောက်​​ပိုင်း​ကောင်းကင်
အဆင့်​တိုက်​ခိုက်​​ရေးသမားတစ်​​ယောက်​ရဲ့
တိုက်​ပွဲဟုတ်​ပါတယ်​​နော်​။..သူတို့ရဲ့ကျင့်​စဉ်
အ​နေနဲ့ ဆုံးဖြတ်​ရမယ်​ဆိုရင်​​ ရှိနန်​က​တောင်
ဟွာယန်​ကိုအချိန်​ခဏ​လေးအတွင်း အနိုင်​တိုက်
နိုင်​ရမှာမဟုတ်​ဘူးလား။ဘယ်​လိုဖြစ်​ပြီး ​ပြောင်း
ပြန်​ဖြစ်​သွားရတာလဲ။.."

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now