အခန်း (၂၃၅) သူကငါ့အပိုင်ပဲ

582 73 0
                                    



ရန်​လင်းက ​ဒေါသတကြီးနဲ့​​အော်​လိုက်​ပြန်​ပါ
တယ်​။
"ငါ​နောက်​တစ်​ကြိမ်​ထပ်​​ပြောမယ်​။..
ငါ့လမ်းက​နေဖယ်​စမ်း.."

မီးရိုင်းအဖွဲ့ထဲမှာ အ​လေးစားခံပုဂ္ဂိုလ်​တစ်​​ယောက်​ဖြစ်​တဲ့ ရန်​လင်းက ပိုင်​ချီချီ​ပြောခဲ့ဲ့တဲ့စကားနဲ့
နီယန်​ရဲ့အထင်​​သေးသလိုအပြုအမူ​တွေ​ကြောင့်
တော်​​တော်​​ဒေါသထွက်​လာပါတယ်​။

သူက သူ့ကို​လှောင်​​ပြောင်​ခဲ့တဲ့ ပိုင်​ချီချီနဲ့
ငြိမ်း​ချမ်း​ရေးယူနိုင်​ပါ​သေးတယ်​။ဘယ်​လိုပဲ
ဖြစ်​ဖြစ်​ သူမမှာ ထူးခြားတဲ့စွမ်းအား​တွေရှိပြီး
တော့ လွန်​ခဲ့တဲ့နှစ်​​တွေမှာလဲ သူမကိုဘယ်​သူ
မှထိခိုက်​​အောင်​မလုပ်​နိုင်​ခဲ့ပါဘူး။

မီးရိုင်းအဖွဲ့၊လနက်​အဖွဲ့နဲ့​သွေးအရိုး​ခေါင်းအဖွဲ့
တွေက လူ​တွေအကုန်​လုံး သူမရဲ့ဂုဏ်​သတင်း
ကိုကြားဖူးကြပါတယ်။

ဒါ​ပေမယ့်​ ဒီနီယန်​က ဘယ်​သူမလို့လဲ....

သူ့ကို သတ်​ဖို့ ပိုင်​ချီချီကိုကူ​ပေး​နေတဲ့ အကြို
ကောင်းကင်​အဆင့်​လူတစ်​​ယောက်​ဆိုတာထက်
မပိုပါဘူး။သူဒီလိုမျိုးလက်​မခံနိုင်​ပါဘူး။

"ဟဟဟ!.."
နီယန်​က ​ခေါင်းယမ်းလိုက်​ရင်းရယ်​လိုက်​ပါ
တယ်​။
"မင်းရဲ့ပါးစပ်​​လေးက​တော်​​တော်​ချစ်​ဖို့​ကောင်း
တာပဲ​နော်​။.."

ဝှစ်​..!

နီယန်​က ရန်လင်းဆီကို​​အ​မြှောက်​ကျည်​ဆံတစ်​ခုလို​ပြေးဝင်​သွားပြီး သူ့ရဲ့သန်​မာ​နေတဲ့ခန္ဓာကိုယ်
နဲ့အရှိန်ြ​ပင်းစွာ တိုက်​ခိုက်​လိုက်​တယ်​။

ရန်​လင်းက မျက်​​မှောင်​ကျုံ့လိုက်​တဲ့အခါ သူ့
မျက်​လုံးထဲမှာ ပြင်းထန်​တဲ့လူသတ်​ချင်​စိတ်
တွေ​ပေါ်လာပါတယ်​။
"မင်းက ​သေချင်​​နေတာပဲ.."

ခဏချင်းပဲ ရန်​လင်းရဲ့ခန္ဓာကိုယ်​က​နေပြင်းထန်
တဲ့အ​အေးဓာတ်​​တွေထွက်​​ပေါ်လာပါတယ်​။

ပိုင်​ချီချီက မီးရိုင်းအဖွဲ့ကပညာရှင်​ ၃ ​ယောက်​ကို
နီယန်​ဘယ်​လိုသတ်​ပစ်​တယ်​ဆိုတာမသိ​ပေမယ့်​ရန်​လင်းက​တော့ ​သေချာမြင်​ခဲ့ပါတယ်​။

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Opowieści tętniące życiem. Odkryj je teraz