ကောင်းကင်မျက်လုံးကိုသုံးဖို့ စိတ်စွမ်းအားနဲ့
စိတ်ဝိဥာဉ်စွမ်းအားလိုအပ်ပါတယ်။နီယန်က သိပ်မကြာသေးခင်တုန်းက
သွေးအရိုးခေါင်းအဖွဲ့နဲ့ခရီးသွားနေတဲ့အတွက်
ဒုက္ခရောက်နိုင်တယ်လို့ ထင်မထားပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သွေးအရိုးခေါင်းအဖွဲ့က
လေဟာနယ်ပုံရိပ်ယောင်တောင်တန်းမှာ
အစွမ်းအထက်ဆုံးအဖွဲ့တစ်ခုဖြစ်ပါတယ်။ဒါကြောင့် သူကသူ့ရဲ့ကောင်းကင်မျက်လုံးတွေ
ကိုသုံးပြီး ပတ်ဝန်းကျင်ကို မစစ်ဆေးခဲ့ပါဘူး။ပြီးတော့ သူက သွေးအရိုးခေါင်းအဖွဲ့နဲ့သိပ်မဝေး
တဲ့အတွက် သူ့ရဲ့ကောင်းကင်မျက်လုံးကိုသုံးဖို့
မလိုဘူးလို့ ထင်ထားတာပါ။အဲဒါကြောင့်လဲသူက လိလန်ဖန်းရှိနေတာကို
မသိခဲ့တာပါ။လိလန်ဖန်းရုတ်တရက်ပေါ်လာတဲ့အတွက်
ရှုလောင်က သူ့ကိုထောင်ချောက်ဆင်တယ်လို့
နီယန်က ယူဆလိုက်ပါတယ်။သူရဲ့အမူအရာ
ကချက်ချင်းပြောင်းလဲသွားပြီး သူ့ပတ်လည်မှာ
အားစက်ကွင်းတစ်ခုဖန်တီးကာ အကူအညီလှမ်း
တောင်းဖို့ပြင်ဆင်ထားပါတယ်။"ဟွာယန်..!.."
ရှုလောင်က နီယန်ကို အသံတိုးတိုးနဲ့အလော
တကြီးပြောလိုက်ပြီး နီယန်ကိုရပ်ခိုင်းလိုက်ပါ
တယ်။
"လိလန်ဖန်းက မင်းကိုကူဖို့လာတာ။ငါတ်ို့နှစ်ယောက်လုံးက စိတ်ဝိဥာဉ်သိမ်းငှက်အဖွဲ့ရဲ့တောင်း
ဆိုမှုကြောင့်လာခဲ့ကြတာ။ငါတို့ရဲ့တာဝန်က
မင်းကိုကူညီပြီး နိုင်းယန်ကိုရင်ဆိုင်ဖို့ပဲ။.."အဲဒီစကားတွေကိုကြားလိုက်ရတဲ့အခါကျမှ
နီယန်က စိတ်သက်သာသွားသလိုခံစားလိုက်ရပါတယ်။အခုထိ သူက လိလန်ဖန်းနဲ့လုံခြုံတဲ့အကွာအဝေးတစ်ခုမှာဆက်နေပြီး သူ့ရဲ့ကျောက်စိမ်း
လက်ကောက်ကနေဖန်တီးထားတဲ့ အလင်း
အကာအကွယ်နေရာမှာ အားစက်ကွင်းကို
အစားထိုးထားခဲ့ပါတယ်။
ESTÁS LEYENDO
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasíaဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...