အကြိမ်ပေါင်းများစွာကြိုးစားခဲ့ရတဲ့အတွက်
နီယန်က အရိုးသွေးနတ်ဆိုးကိုဘယ်လိုထိန်း
ချုပ်ရမလဲဆိုတာ သိခဲ့ပါတယ်။သူကရန်သူကို
သူ့ရဲ့စိတ်စွမ်းအားနဲ့ပစ်မှတ်ထားပြီး အရိုးသွေး
နတ်ဆိုးကို အမိန့်ပေးပြီးတိုက်ခိုက်တာဖြစ်ဖြစ် ဒါမှမဟုတ် သူ့မျက်လုံးနဲ့မြင်တဲ့ရန်သူကို လက်နဲ့
ပြပြီးတော့ဖြစ်ဖြစ်အမိန့်ပေးပြီး တိုက်ခိုက်လို့ရပါတယ်။အဲဒီနည်းလမ်းနှစ်ခုနဲ့ပဲ အပြည့်အစုံမဟုတ်တဲ့
စိတ်ဝိဥာဉ်ရှိနေတဲ့ အရိုးသွေးနတ်ဆိုးက
ဘယ်ဟာရန်သူလဲဆိုတာ သိနိုင်ပါတယ်။ဒါပေမယ့် အဆင့်မြင့်နတ်ဆိုးရဲ့ထူးခြားတဲ့
မှော်ပညာကြောင့် နီယန်ရဲ့စိတ်စွမ်းအားက
သူ့ကို ပစ်မှတ်ထားလို့မရပါဘူး။တစ်ချိန်တည်းမှာပဲ သူ့ကိုနတ်ဆိုးချီတွေဖုံးလွှမ်း
သွားကတည်းက နီယန်က သူ့ရဲ့နေရာကို
တိတိကျကျမသိရတော့ဘဲ အရိုးသွေးနတ်ဆိုး
ကိုလဲ အမိန့်ပေးလို့မရတော့ပါဘူး။ဒါကြောင့်အဲဒီအချိန်မှာ နီယန်က အဆင့်မြင့်
နတ်ဆိုးကိုသတ်ဖို့ အရိုးသွေးနတ်ဆိုးကို
ဘယ်လိုအမိန့်ပေးရမလဲဆိုတာ စဉ်းစားရ
ကြပ်နေပါတယ်။"နီယန်ကို ကာကွယ်ကြ။.."
နီယန်က အရိုးသွေးနတ်ဆိုးကိုသုံးပြီး
အဆင့်မြင့်နတ်ဆိုးကို အချိန်အတိုင်းအတာ
တစ်ခုအထိ သတ်လို့မရတာသိလိုက်တဲ့အတွက်
ဖန်းလူအိုကသူ့ကိုကာကွယ်ဖို့ ပြင်လိုက်တယ်။အရိုးသွေးနတ်ဆိုးကိုသုံးနိုင်တာ နီယန်တစ်
ယောက်ပဲရှိတယ်ဆိုတာ သူကောင်းကောင်း
သိပါတယ်။တကယ်လို့ သူသာတစ်ခုခုဖြစ်သွား
ရင် သူတို့တွေ အရိုးသွေးနတ်ဆိုးနဲ့ချက်ချင်း
အဆက်အသွယ်ပြတ်သွားတော့မှာပါ။အဲဒီ
အချိန်ရောက်သွားရင် သူတို့တွေက နတ်ဆိုး
တွေကို တိုက်ခိုက်ဖို့လက်နက်မရှိတော့ရုံသာ
မက အရိုးသွေးနတ်ဆိုးက သူတို့ကိုပြန်ပြီး
တိုက်ခိုက်နိုင်ပါတယ်။
أنت تقرأ
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
خيال (فانتازيا)ဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...