အခန်း(၂၈၀) ကံဆိုးမှုတွေကို ဝေမျှတဲ့လူနှစ်ယောက်

668 75 2
                                    



ပိုင်​ချီချီက တိုးသက်​စွာ ရှိုက်​​ငို​နေပါတယ်​။

နီယန်​က သူမကိုသတိလက်​လွတ်​ကြည့်​​နေပြီး
သူမ​ရေရွတ်​​နေတဲ့စကား​တွေကို နား​ထောင်​​နေ
ပါတယ်​။

"အ​မေ..အ​ဖေ.."
ပိုင်​ချီချီက ခရီး​ဝေးကြီးထွက်​သွား​တော့မယ့်
သူမရဲ့မိဘ​တွေကို ​ဆက်​ပြီး​နေဖို့​တောင်းပန်
နေတဲ့အလား တိုးတိုး​လေး​တောင်းပန်​​နေတာကို
နီယန်​ကြား​နေရပါတယ်​။

အဲဒီအချိန်​မှာ သူမရဲ့လှပတဲ့မျက်​နှာ​လေး​ပေါ်
မှာ ​အေးစက်​မှု​တွေ ရက်​စက်​မှု​တွေ ​ပျောက်
ကွယ်​​နေပါတယ်​။ကြေကွဲ​နေမှု​တွေပဲ အထင်း
သား​တွေ့​နေရပါတယ်​။

သူမရဲ့ပါးပြင်​​ပေါ်က​နေ မျက်​ရည်​စက်​​တွေ
လိမ့်​ဆင်းလာတာက ပုလဲလည်​ဆွဲ​လေးတစ်​ခု
လိုဖြစ်​​နေတဲ့အတွက်​ သူမဝမ်းနည်း​နေတာကို
ဖော်​ကျူး​နေတဲ့အလားပါပဲ။

ဒါ​ပေမယ့်​ သူမငိုရှိုက်​​နေတာက သိပ်​မကြာလိုက်
ပဲ သူမရဲ့အိမ်​မက်​ထဲက​နေ နိုးလာပါတယ်​။

သူမက မျက်​လုံးဖွင့်​လိုက်​တဲ့အခါ နီယန်​ကြည့်
နေတာကို မြင်​သွားတဲ့အတွက်​ သူမမျက်​နှာ​ပေါ်
မှာ​ပေါ်​နေတဲ့ ဝမ်းနည်းမှု​တွေကို ချက်​ချင်းဖုံး
ကွယ်​လိုက်​ပါတယ်​။

အဲဒီ​နောက်​မှာပဲ သူမရဲ့အမူအရာ​က ​နောက်
တစ်​ကြိမ်​ ​အေးစက်​​နေတဲ့ ဓားတစ်​​ချောင်းလို
ပြောင်းလဲသွားပါတယ်​။

ဒါ​ပေမယ့်​ သူမရဲ့မျက်​လုံးထဲကမျက်​ရည်​​တွေ
က​တော့ ​ဆက်​တိုက်​ကျဆင်း​နေပြီး​တော့
သူမရဲ့ပါးပြင်​​ပေါ်မှာ စီးဆင်း​နေတုန်းပါပဲ။

သူမက လက်​ကိုင်​ပဝါတစ်​ခုထုတ်​လိုက်​ပြီး
သူမရဲ့မျက်​ရည်​​တွေကို ကုန်​သွား​အောင်
ချက်​ချင်းသုတ်​လိုက်​ပါတယ်​။

သူမရဲ့စိတ်​ထဲမှာ ပုံရိပ်​​တွေက​တော့ ဆက်​ပြီး
ပေါ်​ပေါက်​​နေပြီး သူမရဲ့အိမ်​မက်​ထဲက​နေ
နိုးထဖို့ အချိန်​လိုပါ​သေးတယ်​။

သူမက သူမရဲ့မျက်​ရည်​​တွေကို ​​ဆက်​တိုက်
သုတ်​​နေရပြီး သူမကိုယ်​သူမတည်​ငြိမ်​​အောင်
ကြိုးစား​နေရပါတယ်​။

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Dove le storie prendono vita. Scoprilo ora