ဗုန်း..!ချက်ချင်းပဲ စွမ်းအင်လုံးက အစောပိုင်းကောင်း
ကင်အဆင့်ပညာရှင်ဆီကိုသွားနေတဲ့လမ်းမှာ
တင်ပေါက်ကွဲသွားပါတယ်။အဲဒီနောက်မှာပဲ ကောင်းကင်တစ်ခုလုံးရောင်စုံ
အလင်းစက်တွေပြည့်သွားပါတယ်။ပြီးတော့
သူတို့ထဲက တချို့က အဲဒီလူရဲ့အလင်းအကာ
အကွယ်ကို ပေါ်ကို မိုးရွာသလိုကျသွားပါတယ်။တစ်ချိန်တည်းမှာပဲ အဲဒီလူရဲ့ချီစွမ်းအင်အကာ
အကွယ်ဒိုင်းက ပျက်စီးသွားပြီး ခရမ်းရောင်နဲ့
အစိမ်းရောင်အလင်းစက်တွေက အဲဒီလူရဲ့
အရေပြားပေါ်ကို ကျဆင်းသွားပါတယ်။ပြင်းထန်တဲ့အက်ဆစ်တွေလိုပဲ သူတို့တွေက
အဲဒီလူရဲ့အသားတွေကို ချက်ချင်းစားသွားပြီး
ထိတွေ့ခံလိုက်ရတဲ့အစိတ်အပိုင်းတွေကလဲ
လျှင်မြန်စွာ ပုတ်သွားကာ မီးခိုးတွေထွက်လာပါ
တယ်။အဲဒီချိန်မှာပဲ သွေးအရိုးခေါင်းအဖွဲ့သားက
အခွင့်အရေးရသွားပြီး သူ့ရဲ့အနက်ရောင်လှံနဲ့ အဲဒီလူရဲ့ရင်ဘတ်ကို လှမ်းထိုးလိုက်ပါတယ်။ခဏအတွင်းမှာပဲ လှံရှည်က အနက်ရောင်
လျှပ်စီးကြောင်းတစ်ခုလို သူ့ကို ဖောက်ဝင်သွား
ပါတယ်။နီယန်က အံ့အားသင့်သွားပြီး ခဏစဉ်းစားကာ
ကိုင်ယွမ်ကို လှည့်မေးလိုက်တယ်။
"ဒီတစ်ယောက်ကိုသတ်တဲ့အတွက် ကဘယ်သူ
အကျိုးအမြတ်ရမှာလဲ..""ဟား.ဟား.ဟား.."
သွေးအရိုးခေါင်းအဖွဲ့သားက ကျေကျေနပ်နပ်နဲ့
ရယ်ပြီး ပြောလိုက်တယ်။
"မင်းရမှာပါ။ငါမင်းကို စွမ်းအင်ကျောက်တုံး
၈၀၀ ပေးပါ့မယ်။.."လှံနက်ကိုင်ထားတဲ့ လူကြီးက ဝမ်ရှုအိုဖြစ်ပါ
တယ်။နီယန်ပော်လာတဲ့အချိန်တုံးကသူနဲ့လျှိုဖန်
တို့ကို လူ ၅ ယောက်က ဝိုင်းဝန်းတိုက်ခိုက်နေ
ကြပါတယ်။တကယ်လို့ နီယန်သာပေါ်မလာပဲ ဓားပြနှစ်
ယောက်ကို ဆက်တိုက်မသတ်ခဲ့ဘူးဆိုရင်
လျှိုဖန်က ဝမ်းဗိုက်ဒဏ်ရာကြောင့် အသတ်ခံ
ရမှာသေချာပါတယ်။
ČTEŠ
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...