အပိုင်း ၁

77.8K 4.2K 35
                                    

အပိုင်း (၁)

"ဈာပန အခမ်းအနား စတင်ပါတော့မယ်။ မိသားစုဝင်များ မှန်ခန်းထဲကို ကြွရောက်ပေးပါ"

ဒီကို စရောက်တည်းက အစ်မကို ညီမရင်းတစ်ယောက်လို စောင့်ရှောက်ခဲ့သော မစ်ရှင်းလီ က ကျွန်တော့်ပခုံးကို ဖေးမကိုင်ကာ တွဲခေါ်ပေးသည်။ သူနှင့် အတူ လိုက်ရင်းအအေးခန်းထဲမှ ထုတ်ယူလာသော အစ်မ၏ ရုပ်ခန္ဓာကို နောက်ဆုံးအနေဖြင့် ကြည့်မိသည်။ နှင်းဆီပန်းနီနီတွေကြား

မှေးစက်နေပြီဖြစ်သော အစ်မသည် အရင်လို ပြစ်မျိုးမှဲ့မထင်အလှတို့ကင်းကွာလျက်။ မကြည့်ရက်တော့၍

မျက်နှာလွှဲမိသည်နှင့် ရင်ထဲဆို့တက်လာသည်က တစ်ပြိုင်နက်တည်း ဖြစ်တည်၏။ မငိုမိအောင် လက်သီး

ဆုပ်တော့ မစ်ရှင်းလီက ကျွန်တော့်ပခုံးများကို အားပေးသလို ဖျစ်ညှစ်သည်။

ဈာပနတိုက်မှ ဝန်ထမ်းတချို့သည် အချိန်ကျပြီ ဟူသော အကြည့်တို့နှင့် လှမ်းကြည့်သောအခါ ကျွန်တော်အလိုက်တသိနှင့်ပင် နေရာမှ ဖယ်ခွာရင်း အစ်မကို သွားဖို့ခွင့်ပြုရတော့သည်။ အစ်မ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူမှာ များများစားစား မရှိ။ အစ်မနှင့် အခန်းဖော်အဖြစ် ငါးနှစ်တာ အတူတူနေထိုင်ခဲ့ဖူးသော မစ်ရှင်းလီ ၊ ကျွန်တော် နှင့် အစ်မကို စောင့်ရှောက်သော အန်ကယ်ရန်ကျင့် ၊ အစ်မတို့ အင်တာတိမ်းမန့်မှ အဖွဲ့မှူးနှင့် တခြားဝန်ထမ်းအနည်းငယ်။ အစ်မနှင့် အလုပ်တွဲလုပ်ခဲ့ဖူးသော အနုပညာရှင်များပို့ကမ်းပေးသော ပန်းစည်းများကတော့ အသုဘရှုခင်းအပြင်သို့ပင် လျှံထွက်သည်။

မှန်ချပ်ကြည်ကြည်ပိတ်သွားသည်နှင့် လိမ္မော်ရောင်မီးတောက်တို့သည် အစ်မအိပ်စက်လှဲလှောင်းနေသော သေတ္တာအဖြူလေးဘေး ယိမ်းနွဲ့စွာဖြင့် မြူးထူးနေဟန်။ တဖြည်းဖြည်းနှင့် လိမ္မော်ရောင်ခြုံလွှာဝတ် မီးညွန့်ကချေသည်လေးများသည် အစ်မကို ဝိုင်းပတ်ကခုန်နေရာမှ သူတို့၏ ခြုံလွှာအောက်သွပ်သွင်း

လေတော့သည်။ ကျွန်တော့်၏ တစ်ဦးတည်းသော သွေးသားဟုသတ်မှတ်ထားသူသည် ကျွန်တော့်ကို ထားသွားခဲ့ပြီ။ သူ့ကိုယ်ပွါးလေးနှင့်...

စေWhere stories live. Discover now