အပိုင်း ၁၀-၂

21.5K 2.5K 134
                                    

"ဟော"

မြင်မြင်ချင်းနှုတ်ဆက်ဖို့ပင်မေ့နေ
သည်အထိ နှစ်ယောက်သား အံ့သြမှု
နှင့်ကြောင်အနေမိသည်။ အမှန်တော့
စီနီယာတန်းပြန်တက်မည့်သူနှင့် ကျောင်းဝင်ခွင့်အတွက် လိုအပ်တာတွေ လာ
လုပ်သူတို့ဆိုတာ သံရုံးလိုနေရာမျိုးမှာ တွေ့ဆုံကြုံကြိုက်နေကျ။ အခုတော့
ဖြင့်လျှောက်လမ်းနေရာတွင် ဖိုင်တွဲ
ကိုယ်စီကိုင်ရင်း ရပ်တန့်နေခြင်းကို
အနောက်မှလမ်းဖြတ်လျှောက်ရန်ရောက်လာသော မိန်းကလေးအတွက်
ကိုယ်စီလမ်းဖယ်ပေးခြင်းဖြင့် ဘေး
ထောင့်တစ်ခုသို့ ပြိုင်တူကပ်လိုက်ကြ
သည်။

"ငါ့ညီ နဲ့ တွေ့မယ်လို့ကို မထင်တာ ။
ကျောင်းကိစ္စလာလုပ်တာလား"

"ဟုတ်"

လိုတိုရှင်း ဖြေပြီးသည့်တိုင် သူ့ကို "သွားမယ်နော်" ဟူသော စကားဖြင့်ချန်မ
ရစ်နိုင်ခဲ့သေး ။ ဒါသည် ကြက်တောင်ကလပ်ပြင်ပတွင် သူနှင့် ပထမဆုံးတွေ့
ဆုံခြင်း။ တစ်လကျော်ကြာ ကာလ
ပတ်လုံး နေ့စဉ်တစ်နေ့ သုံးနာရီ
လောက်ပုံမှန်တွေ့ ၊ ဘတ်တံအတူ
တူလေ့ကျင့် နည်းပြပေးသော နည်းစ
နစ်များကိုအပြန်အလှန်ဆွေးနွေးကြသည့်တိုင် အပိုအလိုစကားမဆိုဖြစ်ကြသလို
ဖုန်းနံပါတ်ပင်မလဲဖူးကြ။

"င့ါညီ ခုမှ လုပ်မှာလား"

"ဟုတ်...ဟုတ်ကဲ့"

ကျွန်တော်သည် ထိုတစ်လုံးမှ လွဲ၍ ဘာမှမပြောတတ်တော့သလိုပါပဲ။ သူသည်
ဘေးဘီဝဲယာသို့ လှည့်ကြည့်သည်။
တစ်စုံတစ်ယောက်ကို ရှာဖွေသည့်ဟန် ။ ထင်သည့်အတိုင်း

"ရစ်ချယ်မပါဘူးလား" ဟုအမေးရှိ၏။

ခေါင်းခါခြင်းဖြင့် သူ့အမေး ဟုတ်မှန်
ကြောင်းပြောမိသော် မထင်မှတ်စွာ
ကျွတ်တစ်ချက်စုတ်သည်။ နှုတ်မှလည်း

"အခုမှ ကျောင်းစတက်မယ့် ကလေးကို တစ်ယောက်တည်းလွှတ်လိုက်ရသလား"

နေပါဦး။ သူဘာပြောလိုက်တာ။ ကလေး ဟုတ်လား။

"ရတယ် ။ စာရွက်စာတမ်းကိစ္စတွေ
ကျွန်တော် လုပ်တတ်ပါတယ်"

"လုပ်တတ်တယ်ဆိုပေမဲ့လည်း ငါ့ညီ
ကျောင်းကိစ္စတစ်ခုတည်းမဟုတ်ဘူး။
နေရမယ့်အဆောင်တွေ ၊ ကျန်တာတွေလည်းရှိသေးတယ်။ လာ လာ
ကိုယ်လိုက်လုပ်ပေးမယ်"

စေWhere stories live. Discover now