အပိုင်း ၂၃

19.8K 2.4K 113
                                    

"ဟုတ်တယ် ။ ဒီဘားကနေစမယ်။ ဒို
၊ရေ၊မီ၊ နားထောင်ကြည့် ဟုတ်လား"

သမီးကို ရင်ခွင်ထဲထည့်ကာ သူ၏
ipad ၏မျက်နှာပြင်ကိုတွေ့ခြင်းဖြင့်
piano တီးသင်နေသံကို တံခါး
ဖွင့်ဖွင့်ချင်း ကြားလိုက်ရသည်။
ညနေခင်း အိမ်ခဏပြန်ကာ လိုတာတွေ
ယူပြီး ပြန်လာတော့ သမီးရဲ့ ညခင်း
ဆေးသောက်ချိန်ပင် ရောက်နေပြီ။

ကျွန်တော်အခန်းထဲ ဝင်လာသည်နှင့်
အစ်မမြက ဘေးခုံတွင်ထိုင်နေရာမှ
ထကာ ကျွန်တော့် လက်ထဲမှ အထုပ်များ ကိုကူသယ်ပေးသည်။
သမီးသည်ကား သူ့ရင်ခွင်ထဲမှ တစ်
ချက်မော့ကြည့်လျက်

"ပါပါး ပြန်လာပြီ" ဟုသာ တစ်ချက်
နှုတ်ဆက်ဖော်ရသည်။ ထို့နောက်တွင်
တော့ "ဧက ဒါမှန်လား" ဟူ၍ နောက်ပြန်မော့ကြည့်လျက် မေးသဖြင့်
သူသည်လည်း ကျွန်တော့်ကို လှမ်း
ကြည့်ပြုံးပြနေရာမှ သမီးထံ အာရုံပြန်ပို့လိုက်ရသည်။ ဒီတေါ့ ကျွန်တော်က
ရော ဘာဆက်ကြည့်စရာအကြောင်းရှိမှာလဲ။

"အစ်မမြ ပြန်တော့မလား"

"အွန်း ပြန်မယ်လေ။ Cas ညနေစာ
စားခဲ့လား"

"အင်း"

မပွင့်တပွင့်အပြောကို အစ်မမြက ဇဝေ
ဇဝါဟန်ဖြင့် ဟန်ကြည့်သည်။

"စားပြီးလား မစားပြီးလားတောင်
သတိမရဘူးမလား"

"မဟုတ်ပါဘူး။ ကျွန်တော် ဟမ်ဘာဂါ
တစ်ခု စားခဲ့တယ်။ အစ်မမြ ပြန်နား
တော့။ အောက်မှာ အန်ကယ်ရန်ရှိ
တယ်"

ဆေးရုံအောက်ကို တစ်ဖန်ပြန်လိုက်ပို့
ရန် ပြင်တော့ အစ်မမြ တားသည်။

"Elevatorနားထိပဲ ပို့မှာပါ" ဟုတုံ့ပြန်
ရင်း အစ်မမြကို ခေါ်ထုတ်တော့ သမီး
နဲ့  Pianoတီးနေရင်းမှ လိုက်ငေးပြန်၏။
မမြင်ချင်ယောင်ဆောင်ပြီးသာ ထွက်
လာရပြန်သည်။ သမီးရှေ့မှာမို့ အဲ့လို
အကြည့်ခံရတိုင်း ရှက်နေမိသလို အကြောင်းအရာ အလုံးစုံကို သိနေ
သော အစ်မမြရှေ့ ကျွန်တော်ပူထူနေ
အောင် ရှက်နေဆဲ။ သို့သော် ဒီလို ရှက်
ရွံခြင်းတွေ မျက်နှာပေါ် နေရာတက်
ယူလာမှာ ကို ပိုရှက်၍ လျစ်လျူရှုခြင်း
မျက်နှာဖုံးကို ကောက်စွပ်ထားဖြစ်သည်။

ေစWhere stories live. Discover now