အပိုင်း ၂

39K 3.4K 41
                                    

အပိုင်း ၂

" မစ်ရှယ် လာဦး"

အိမ်ထဲဝင်သည်နှင့် ခေါ်ရသည့်နာမည်။ အရင်ဆို Cas ဟူသော ခေါ်သံလေးနှင့် ပြေးကြိုမြဲ။ အခုတော့ တိတ်ဆိတ်လျက်။

"ကျောင်းက ပြန်လာတည်းက အိပ်နေတာ"

ငယ်ငယ်တည်းက ထိန်းပေးခဲ့သော အစ်မမြ သည် မျက်စိမျက်နှာပျက်လျက်ပြောလာသည်။

"ဘာလဲ ။ နေမကောင်းတာလား"

မေးလည်းမေး မစ်ရှယ်အခန်းရှိရာအပေါ်ထပ်သို့ အလောတကြီးအမူအရာထက်ပိုသော အလျင်နှင့်ပင် ခြေလှမ်းတွေကိုကျော်နင်းဖြတ်တက်မိသည်။ အစ်မမြသည်လည်း အနောက်မှ နေ၍ ခပ်ကုပ်ကုပ်

လိုက်လာသည်။ သုံးနှစ်အရွယ်ကလေးငယ်နှင့် သင့်တော်လျောက်ပတ်သော အပြင်အဆင်နှင့်

မွမ်းမံပေးထားသော အခန်းသည် အစ်မမြကျေးဇူးနှင့် အမြဲရှင်းလင်းနေသည်။ ပန်းရောင်ကြောင်ရုပ်ပါ

ခုတင်ထက်တွင် အိပ်မောကျနေသော ကလေးငယ် ။ ပန်းရောင်စောင်ပုံတွေကြား ကြာပန်းဖြူပွင့်ချပ်များနှင့်

တူသော ပါးပြင်အိအိကို ထိတွေ့ကြည့်သောအခါ ကိုယ်ပူငွေ့ကို မခံစားရ။

"ကျောင်းပြန်လာတည်းက အိပ်နေတာ။ အစ်မက မိုင်လိုပူတင်းလုပ်ပေးထားတယ် ထစား ဆိုတာတောင်

မစားချင်ဘူးဆိုပြီး အိပ်နေတာ"

ညနေကျောင်းဆင်းချိန်တည်းက... အခုဆို ၈ နာရီပင်ရှိနေပြီ ။ ဒီနေ့ကလည်း ATM အတွက် network

ချိတ်ဆက်မှုအသစ်များအတွက် အစည်းအဝေးထိုင်နေကြရ၍ ပုံမှန်အလုပ်ဆင်းချိန်အတွက်နောက်ကျ

နေရခြင်းဖြစ်သည်။ ကိုယ်က အဖွဲ့မှူးဖြစ်၍ တခြားလူတွေပြန်ရင်တောင်ချက်ချင်း ထပြန်၍ မရ။ ဆိုင်ရာယ

လူကြီးများနှင့် စကားစမြည်ကလည်း မြင်ကောင်းအောင်ပြောနေရသေးတော့...

ဒီကလေး ဒီအချိန်အိပ်လေ့မရှိသည့်အပြင် ညနေစောင်းတည်းက အိပ်နေသည်ဆိုတော့ ဖျားလိမ့်မည်။

"မစ်ရှယ် Wake up. Hey..."

ဆွဲထူပွေ့ကာ နှိုးသောအခါ ရင်ခွင်ထဲမှာပင် လွန့်လူးလာသည်။

စေWhere stories live. Discover now