အပိုင်း ၂၀

19.9K 2.4K 96
                                    

"သမီး ဘာမှမကြောက်နဲ့နော်။ Cas
အခန်းအပြင်မှာရှိနေမယ်။ အစ်မမြ
လည်းရှိတယ်။ ဟုတ်လား"

ပထမဆုံး  Chemotherapy(ကင်ဆာ​ဆေးသွင်းကုသမှု) အတွက် မစ်ရှယ်
သည် ကြောက်ရွံ့နေရှာသည်။ တော်ရုံ
မငိုတတ်သော ကလေးသည် အခုတော့
ဖြင့် မျက်ရည်တို့က ဝေ့သီလျက်။
ကလေးခုတင် ဘေးကာလက်တန်းလေးတွေကြားမှ လက်ကလေးတစ်
ဖက်ထုတ်တာ ကျွန်တော့်လက်တွေကို
ဆုပ်ကိုင်ထားသည်။ သူ့အားလေးနဲ့
ပင် တင်းကျပ်မှုဆိုသည်ကို ခံစားရ
၏။

ဆေးသွင်းကုသမှုအတွက် ကလေးဘေးနားမိဘတွေနေခွင့်ဖို့ တောင်းဆို
ခဲ့သော်လည်း ပိုးဝင်ရောက်ခြင်းတို့
မဖြစ်စေရင် အပြင်လူဝင်ခွင့်မပြု။
ဆေးကိုကျောရိုးထဲမှ သွင်းရမည်ဟူ
သော အသိက ကျွန်တော့်ကိုပါ တုန်
လှုပ်စေသည်။ ကျောတွင် ကြိုးစလေး
များဖြင့်သာ စည်းနှောင်ထားသော
ကာတွန်းပုံပါ ဆေးရုံဝတ်စုံလေးနဲ့ သမီး
ကို မထားချင်ဘဲ ထားခဲ့ရတော့မည်။

ကလေးမကြောက်စေရန် သူနာပြုတွေ
က နာမည်ဘယ်လိုခေါ်လဲ။ သူငယ်ချင်းတွေက ဘယ်သူလဲ စသည်
ဖြင့် အာရုံလွှဲပေးရန် စတင်ကြိုးစား
သော်လည်း မစ်ရှယ့်အကြည့်တွေသည်
ကျွန်တော့်ဆီမှာသာ။ သူနာပြုအုပ်မှ
ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်၏။
ဒါ သူတို့အဆင့်သင့်ဖြစ်နေကြောင်း
ပြသည့် အပြုအမူဖြစ်၍ ကျွန်တော်အလိုက်သိပေးရမည်။ အခန်းထဲမှ မထွက်ခင်သမီးကို တစ်ချက်ကြည့်မိသည်က စမှားသည်ပင်။

ဆရာ ဆရာမတွေ ကြားမှ သမီး၏
"ပါပါ" ဟူသော ခေါ်သံနောက်မှ
ရှိုက်သံလေးတစ်ချက်။ ငိုမဲ့မဲ့လေးနဲ့
ကမ်းလာသော လက်သေးသေးလေး
နှစ်ဖက်။ ကျွန်တော့် စိတ်တွေ မထိန်း
နိုင်။ ဆွဲယူကာ ကျွန်တော်ရှိရာသို့ဆွဲ
တော့ ခုတင်ပေါ်မှထကာ လက်တန်း
ကာအနောက်မှ ကျွန်တော့်ကို ဖက်
သည်။

"သမီး ပါပါးကို လွှတ်လိုက်နော်"

သူနာပြုတစ်ယောက်က ဝင်တားသည်။
ဆေးသွင်းခါနီး ထိုသို့ ပွေ့ဖက်ခြင်းမျိုး
တွေ မလုပ်သင့်။ ပိုးမွှားဆိုတာ မြင်ရတဲ့
သက်ရှိပုံစံမရှိ။

ဆရာမတွေ ဘယ်လောက်တားတားခေါင်းခါယမ်းလျက်သာရှိနေသော
မစ်ရှယ်။
သမီး၏ ရှိုက်သံတစ်စ နဲ့ စိုးရိမ်စိတ်
ပြည့်သွားခဲ့သော ကျွန်တော့်စိတ်အစဥ်ထဲသို့ ဆရာဝန်ကြီး၏ အကြည့်မှ တစ်ဆင့် အားနာခြင်းတို့ လမ်းလွှဲဝင်ရောက်
လာ၏။ ရင်ခွင်ထဲမှ သမီးကို ထုတ်ကာ
မျက်ရည်အိုင်ရွှဲဖြင့် အသားလေးတွေ
တုန်အောင် ကြောက်နေရှာသော သမီး
ကို ကျွန်တော်ပျော့ပျောင်းနေ၍ မရ
တော့။

ေစWhere stories live. Discover now