Ending

39.6K 2.8K 277
                                    

"အိုး"

ပိုက်ဆံထုတ်ရှင်းသောအခါ Walletထဲမှ ဓာတ်ပုံလေးကိုမြင်သွား၍ အံ့သြသွားသော ယေက္ခမအတွက် အလိုက်သိရသေးသည်။

"ကြည့်မလား အန်တီ"

ထုတ်ပေးသောအခါ သားငယ်ရွှေသွေး
ပုံကို ကြည့်မဝဟန်ဖြင့် တစိမ့်စိမ့်တပြုံး
ပြုံးကြည့်၏။

"သူ ကြက်တောင်တွေနဲ့ စလေ့ကျင့်တဲ့
နေ့လေ။ သူရိုက်ချထားတဲ့ ကြက်တောင်တွေကြည့်ပြီးသဘောကျ
နေတာ"

"တော်တော်ကြာနေပြီပဲ...၁၉နှစ်သားလောက်ကမလား"

"ဟုတ်တယ်။ ကျွန်တော်တို့ Clubကို
စရောက်တဲ့ အချိန်"

ဆက်မပြောဖြစ်ကြတော့။ ယေက္ခမလက်ထဲမှ ဓာတ်ပုံကိုတော့ဖြင့် ယူဖြစ်
အောင်ပြန်ယူလိုက်သည်။ ဖုန်း Wallpaperထားတာက ထားတာ။ ကိုယ်တိုင်ရိုက်ထားပေးသည့် အကောင်အထည်ကအကောင်အထည်။

"အန်တီစိတ်ချမယ်နော်"

ဆိုတဲ့ နှုတ်ဆက်စကားဖြင့် ကိုယ့်
လက်ထဲ သူ့သားထည့်ခဲ့သည်ဟု သတိ
ပေး၏။ ဝမ်းမြောက်စွာလက်ခံပါ၏ပေါ့။

အခန်းထဲပြန်ရောက်တော့ သားအဖနှစ်
ယောက် အိပ်မောကျနေကြဆဲ။ တဖြည်းဖြည်း အနားကပ်သွားကြည့်မှ
ပဲ စိုးရိမ်ဖွယ်အခြေအနေကို မျက်မြင်
တွေ့သည်။ လေအေးခန်းထဲ နဖူးပြင်တွင်ချွေးတို့ စို့နေလျက် တစ်ဝက်
တစ်ပျက်ဝါကျတို့ကို ခပ်တိုးတိုး ညည်းညည်းညူနေသည်။

အိပ်မက်ယောင်တတ်သူတို့၏ထုံးစံအတိုင်း ဘာကိုရေရွတ်နေမှန်း မသိရ။ ထိတ်လန့်ခြင်းတွေကိုဖြင့် သတိပြုမိသည်။

"Cas, Cas"

ပခုံးစွန်းကို ငြင်ငြင်သာသာလှုပ်ခတ်သော အခါ နိုးထလာသူသည် မထင်မှတ်ထားသော... အမှန်တိုင်းဆိုပါကမမျှော်လင့်ရဲခဲ့ဘူးသော အပြုအမူကိုပြုမူလိုက်သည်။ မတ်မတ်ရပ်လျက်ရှိနေသေးသော သူ့တစ်ကိုယ်လုံးကို လုံခြုံရေးဂိတ်က အစောင့်လို  စမ်းပါသည်။ လက်မောင်း ၊ နှလုံးခုန်
သံ နောက်ပြီး လက်ချောင်းတစ်
ချောင်းစီ နှင့် ခြေအစုံ။ ကိုယ်အင်္ဂါပြည့်
စုံကြောင်းအတည်ပြုနိုင်မှ ပြန်မော့
ကြည့်သည်။
မျက်ရည်ကြည်စတို့ ပေကျံနေဆဲဖြစ်သောမျက်ဝန်းတို့ကို တည့်တည့်ငုံ့
ကြည့်သောအခါမှ အသိစိတ်ပြန်ဝင်
လာဟန်ဖြင့် ထရပ်သည်။

ေစWhere stories live. Discover now