အပိုင်း ၁၁

19.6K 2.5K 113
                                    

အပိုင်း ၁၁

"မင်း ကိုယ်တိုင်ကားမောင်းမလာနဲ့ Cas. Expressပဲ ဖြစ်ဖြစ် air lineနဲ့ပဲ ဖြစ်ဖြစ် ပြန်လာပါ ငါ့ မောင်ရယ်နော်"

ဖုန်းထဲမှ ငိုသံတွေရောထွေးနေသော အစ်မမြ ကို တစ်ဖန်ပြန်လည်နှစ်သိမ့်နိုင်စွမ်းမရှိသော်ငြား တစ်ပူပေါ် နှစ်ပူမဆင့်စေရန် လေကြောင်းလမ်းဖြင့်သာ အခုချက်ချင်းပြန်လာခဲ့မည်ဖြစ်ကြောင်း ပြောကြားရသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဆောက်တည်ရာမဲ့ရပါ၏ ။ နယ်ဘဏ်ခွဲတွေအတွက် ATM စနစ်တိုးချဲ့ရေးတွင်
ဘဏ်ဝန်ထမ်းများကို သင်တန်းပေးခြင်း အစီအစဉ်ဖြင့် အထက်မြန်မာပြည်ဖက် ရောက်နေတာ တစ်ပတ်ကျော်ပြီ။ ဟိုလူရန်ကုန်မှာ ရှိမနေဘူးဆိုတဲ့ သတင်းကြောင့် သမီးကို အစ်မမြလက်ထဲစိတ်ချထားပြီး
အလုပ်ကို စိတ်ဖြောင့်လက်ဖြောင့်လုပ်နေချိန် ဝင်လာတဲ့ ဖုန်းကောသည်ကား ခါတိုင်းလို မစ်ရှယ်ရဲ့

"Casကို လွမ်းနေပြီ" ဆိုတဲ့ အသံချိုချိုလေးအစား ဒီမနက်သွားနှိုးချိန် သတိ
လစ်နေတယ် တဲ့။ အခု မစ်ရှယ်ဆေးရုံရောက်နေကြောင်းနဲ့ ဆေးစစ်ချက်တွေစောင့်နေတဲ့အကြောင်းကြားချိန် ရှိသမျှ
အလုပ်ပစ်ချပြီး ရန်ကုန်ကို ရတဲ့
လက်မှတ်နဲ့ ပြန်ဆင်းလာရသော ကျွန်တော့်ကို ရင်ဝဆောင့်ကန်လိုက်ကြသည်။

"သွေးကင်ဆာ ၊ ကလေးတွေမှာအဖြစ်များတဲ့ Lymphoblastic Leukemia လို့ ခေါ်တဲ့ ရုတ်တရက်သွေး
ကင်ဆာလို့အဖြေထွက်တယ်။ ဒါ မျိုးရိုးဗီဇကြောင့်ပဲ။ အမေ ၊ အဖေ မှာ မဖြစ်ဘူးဆိုပေမဲ့ အဘိုးအဘွားတွေမှာရှိခဲ့
ရင်လည်း မျိုးဆက်တစ်ဆက်ကျော်ပြီး
ဖြစ်နိုင်တယ်"

ကင်ဆာဓာတ်မှန်ရောင်ခြည် ဌာနမှ
ဒေါက်တာ၏ စကားများက
ဝင်တစ်ချက်မဝင်တစ်ချက် ၊ တစ်ချက်မနားဘဲ ခရီးနှင်လာရသည့် ဒီကိုယ်ခန္ဓာ
ထဲမှ စိတ်ကို ထောင်းချေခံရသဖြင့်
ကျွန်တော်ကျေမတတ်။ နားထဲမှ
လေတွေ ထွက်နေသလို အသံတွေက တဝီဝီနဲ့။ အတွေးတွေက ပျားပန်း
ခတ်စွာ။

ပါးပါးရဲ့ နောက်ဆုံးထွက်သက်ပုံ ရိပ်နှင့် ရစ်ချယ်ကင်ဆာနဲ့ ဆေးရုံတင်ထားရ
တယ်ဆိုတဲ့ ဖုန်းရတဲ့မနက်ပိုင်း စသည်
ဖြင့် ခေါင်းထဲတဝဲလည်လည်ဝင်လာ
သည်။ မစ်ရှယ်လေးက ကျွန်တော့်တို့ မျိုးဆက်မှမဟုတ်ဘဲ၊ ရစ်ချယ်က
ကျွန်တော်တစ်ယောက်တည်းအထီး
ကျန်ဖြစ်မနေအောင် မစ်ရှယ်ကို
ရအောင်မွေးစားပေးခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော့်အစ်မ ဘယ်တုန်းကမျှကိုယ်ဝန်မဆောင်ခဲ့ဖူးဘူးလေ။

စေWhere stories live. Discover now