အပိုင်း ၁၆

18.7K 2.5K 91
                                    

ကျွန်တော်တို့ ချစ်ခဲ့ကြသည်။

ကျွန်တော်နဲ့ သူ့အခြေအနေ ဘယ်လိုလဲ
မေးရင် ရှင်းရှင်းလေးပါ။ သူက ဖွင့်ပြော
တယ်။ ကျွန်တော် မသိချင်ယောင်ဆောင်
လိုက်သည်။ ပထမတစ်ခါ ကျွန်တော့်ကို
လာနှိုးသော ပိတ်ရက်မနက်ခင်းတွင်ပြော
သည်။ ကျွန်တော် ခဏတာကြောင်အသွားရုံလောက်သာ ဖြစ်ပြပြီး တဒိတ်ဒိတ်
ဖြစ်နေသော ရင်ခုန်သံကို သူ့ကို အတင်း
အော်ဟစ်မောင်းထုတ်ခြင်းဖြင့် ချေဖျက်
ခဲ့သည်။
သူနဲ့ ကျွန်တော် 4D ရုပ်ရှင်သွားကြည့်
ဖြစ်တုန်းက ဒုတိယအကြိမ်ဖွင့်ပြောပြန်
သည်။ ထိုအခါတော့ ကျွန်တော်မသိ
ချင်ယောင်ဆောင်၍ မရတော့၍ သူ့စ
ကားကို အတည်ယူသည့်အနေဖြင့်ကျွန်
တော် လက်ခံနားထောင်ခဲ့သည်။ ထို
အချိန်ပေါက်ထွက်မတတ်ခုန်နေသော
ရန်ခုန်သံကို ရုပ်ရှင်ကားမှပေါက်ကွဲသံ
များအောက် ဖုံးပစ်နိုင်ခဲ့ပြန်သည်။

တတိယတစ်ခေါက်က ကျွန်တော်တို့
Welcome ကို ဧည့်သည်အဖြစ်လာခဲ့စဉ်
က။ ဒုတိယတစ်ခေါက်နှင့် တစ်ပတ်
လောက်သာ ခြားသည်။ ထိုညက
အိမ်ပြန်နောက်ကျနေ၍ မပြန်ချင်တော့
ဟု ဆိုကာ ကျွန်တော့်အခန်းတွင်လာ
အိပ်သည့်ည။ ကိုယ့်ကို ဖွင့်ပြောထား
သည့် ယောကျာ်းတစ်ယောက် အတူတူ
လာအိပ်သည့်ကိစ္စ ကို ကျွန်တော်က
ထွေထူးပြမနေ။ ဂိမ်းသာဆော့နေလိုက်
သည်။ ထိုသို့ ဂိမ်းကိုသာ အသဲအမဲ
ဆော့နေသော ကျွန်တော့်ကို ကြည့်ရင်း
မှ ထပ်ခါဖွင့်ပြောလာပြန်ခြင်း။
ဒီတစ်ခါတော့ ကျွန်တော်မေးမိသည်။

"ကျွန်တော်ဘာဆိုကော ခင်ဗျားသိရဲ့လား" ဆိုတာကိုပေါ့။ ကျွန်တော့်ကိုပြုံး
ကြည့်သည်။ နားလည်အပြုံးမျိုး ပြုံးနေ
နိုင်လောက်သည်ထိ ဆရာကျခြင်းမျိုး
တွေ သူ့မှာရှိသည်။
ထို့နောက် ကျွန်တော်မေးတာကိုမဖြေ။
ကျွန်တော်ရှိရာသို့သာ ထလာပြီး
ကျွန်တော့်ရဲ့ ဘယ်ဖက်မျက်နှာတစ်ခြမ်း
ကို လက်ဖဝါးတစ်ဖက်ဖြင့် လာ
ပ်သည်။
သီးသန့်ကျန်ရှိခဲ့သော ဝိုင်နီရောင်စွန်း
တစ်ဖက်ကြောင့် အလိုလိုလူက ခေါင်း
ငုံ့မိသည်။ ကျွန်တော်ကြိုးစားမေ့ထား
သည့် ဒီတစ်ဖက်ကိုမှ သီးသန့်လာကြည့်
နေသည့်အခါ သိမ်ငယ်မှုနှင့်ရောယှက်
သော ဒေါသအသေးစား။ သူ့လက်ကို
ဖယ်ခွါသော်လည်းဖယ်မပေး။

စေWhere stories live. Discover now