အပိုင်း ၁၃

17.6K 2.4K 48
                                    

အပိုင်း ၁၃

ကျွန်တော်တို့တကယ်ချစ်ခဲ့ကြသည်။

အမှန်တော့ ကျွန်တော် အဲ့ပွဲကို တကယ်မတက်ချင်။ ပင်ပန်းနေပြီလေ။
မနက်က ကျွန်တော်ဘယ်နှစ်ပွ
တောင်ရိုက်ခဲ့ရတာလဲ ။ ပထမအုပ်စုပွဲမှာ ၂၁မှတ်ပွဲကို သုံးချီဆက်တိုက်ရိုက်ရတာ။ ဒီလိုပွဲမျိုး ၂ ပွဲ ။

ကံကောင်းတာက နောက်ဆုံး တတိယလုပွဲကိုဖြင့် ၃၁မှတ်ဖြင့် ဖြတ်လိုက်လို့သာ။

ကျွန်တော်လှုပ်တောင်မလှုပ်ချင်တော့။ သို့ပေမဲ့ အောင်ပွဲခံပွဲတော့ မတက်၍
မရ ။ ပထမဆုံး ပွဲရိုက်သည့်အတွေ့
အကြုံပေမဲ့ တတိယ ရတာတင်
တော်တော်လေးဟုတ်နေပြီဟု သူတို့ကလပ်တစ်ခုလုံးက ချီးကျူးပြောဆိုတော့
လည်း မဖြစ်မနေတက်ရမည်ဟုဆုံး
ဖြတ်လိုက်ရသည်ပင် ။ တကယ်ဆို
ကျွန်တော်က သူ့ကို အားနာနေတာ။
ကျွန်တော်နဲ့သာ မဟုတ်ရင် ဒီတစ်ခါ
လည်း သူ ရွှေရမှာ။

သူတို့ပို့ထားသော လိပ်စာရှိရာ လမ်းထဲချိုးအကွေ့မှာတင် ဖုန်းဝင်လာသည်။

"Cas ရောက်တော့မလား။
လမ်းတွေ့လား။ ကိုယ်လာခေါ်ရမလား"

"ရတယ်။ အန်ကယ်ရန်လိုက်ပို့တာ" ဟု ပြောပြီးမှ တကယ့်ကလပ်ရှေ့
ရောက်လာတော့ ကျွန်တော်မဝင်ရဲ။
ကလပ်တွေဘာတွေနား သီတောင်မသီဘူးသော ကျွန်တော့်ကို အန်ကယ်ရန်က စိုးရိမ်စွာဖြင့်လှမ်းကြည့်သည်။ ကားထဲမှ မထွက်ဘဲ ကလပ်ဆိုင်းဘုတ်ကိုသာ
မော့ကြည့်နေသော ကျွန်တော့်ကို
နောက်ကြည့်မှန်မှ တစ်ဆင့်ကြည့်ပြီး

"Cas သူငယ်ချင်းကို လာထွက်ခေါ်ခိုင်း
ချင်ခိုင်းပါလား" ဟူ၍တော့ အားပေးရှာသည်။

သူလည်း ရစ်ချယ်၏ "အန်ကယ်ရန်က လိုက်ပြီးသူ့ဝေယျာဝစ္စတွေလိုက်လုပ်ပေးမနေဘူး။ အန်ကယ်ရန်အစအဆုံး အဲ့လိုတစ်သက်လုံး လိုက်လုပ်ပေးနိုင်တယ်ပဲထား။ အန်ကယ်ရန်သေသွားရင် သူ့
ဘယ်သူလုပ်ပေးမှာလဲ" ဟူသော
အပြောကြမ်းကြမ်းနောက် အန်ကယ်ရန်လည်း အကုန်ဝင်မပါရဲတော့။
ရစ်ချယ်ဆိုသည်မှာလည်း အဘွားဆုံးပြီးတည်းက တစ်အိမ်လုံးအာဏာကို သူအကုန်လက်ဝါးကြီးအုပ်ချလိုက်တာပင်။

စေWhere stories live. Discover now