ကျေးဇူးတင်လွှာ

25.7K 2.1K 235
                                    

ဒီတစ်ခုမှာ ကိုယ်ပြောသလိုပါပဲ။ ရိုး
ရှင်းတဲ့ ချစ်ခြင်းမေတ္တာကိုပဲ ပြချင်
တယ်ဆိုတဲ့ အတိုင်း ဇာတ်အကွေ့အချိုး
တွေ နဲ့ ခေါင်းမစားစေဘဲ ရိုးရှင်းတဲ့
ဇာတ်လမ်းဇာတ်အိမ်နဲ့ပဲ တည်ဆောက်
ဖြစ်ခဲ့ပါတယ်။
အဓိကက ကိုယ် Single fatherလေး
တွေကို သဘောကျတယ်။ အဖေငယ်
ငယ်လေးနဲ့ ချစ်စရာသမီးလေးတစ်
ယောက်ရဲ့ ပုံရိပ်က ကိုယ့်ကိုကြည်ကြည်နူးနူးပြုံးစေတယ်။
ဒါကြောင့်ပဲ ကိုယ် ဒါလေးကို ဖြည်း
ဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးဆွဲရေးဖြစ်
တယ်ပဲ ပြောရမယ်။

ရိုးရှင်းလွန်းတဲ့ ကိုယ့်ရဲ့ဇာတ်လမ်းလေး
ကို တည်တည်ခန့်ခန့်လေးဖြစ်အောင်
ကူညီပေးခဲ့တဲ့ ပညာရှင်တွေရှိပါတယ်။

ပထမဆုံးက ကြက်တောင်ရိုက်အားကစား အကြောင်း သေချာလေးပြောပြခဲ့တဲ့ ရတနာပုံတက္ကသိုလ်က
ကြက်တောင်ရိုက် အသင်းရဲ့ အားကစားသမား ညီမလေး နဲ့မောင်
လေးပါ။ ကိုယ် ရေနံချောင်းကို လုပ်အားသွားပေးတုန်းက သူတို့
ကြောင့် ကြက်တောင်ရိုက်အားကစား
အကြောင်း တော်တော်လေးသိခဲ့ရတာပါ။ ရန်ကုန်ရောက်တော့ ထပ်မေးတော့
လည်း သေချာလေးရှင်းပြပေးခဲ့ကြ
တဲ့ အတွက် ဒီအစ်မက မန်းလေးသူ အိကြယ်လေး နဲ့  မန်းလေးသား ဝေယံ
ကို ဒီနေရာကနေပဲ ကျေးဇူးတင်စကား
ပြောပါရစေနော်။

နောက်ပြီး အထူးကျေးဇူးတင်ရမယ့်
ဆရာတစ်ယောက်ရှိပါသေးတယ်။
ဆရာကတော့ မစ်ရှယ်လေးရဲ့ သွေး
ကင်ဆာအ​တွက် ကိုယ်မေးသမျှကို
စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့တဲ့
ကင်ဆာ​ရောဂါဓါတ်​ရောင်ခြည်​ဆေးကုဌာန မှ Dr.အောင်ဇော်မင်း ကို ကျေးဇူး
တင်​ပါတယ်။ ဆရာ့ကြောင့် ဆေးပညာ
ဆိုင်ရာတွေ ကို သေချာလေး ရေးပြ
လိုက်နိုင်ခဲ့ပါတယ်။ လေးစားစွာကျေး
ဇူးတင်ပါတယ်  ဆရာ။

ဒီနေရာမှာ ကိုယ့်ရဲ့ အလင်းတွေကို
လည်း ချန်ရစ်ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ
နော်။ ခေါင်းစားစရာ မရှိ၊ ရိုးရှင်းလွန်း
တယ်လို့ ကြိုတင်ပြောထားပေမဲ့လည်း
အစကနေ အဆုံးထိ ကိုယ်နဲ့ အတူထပ်
တူလိုက်ပါစီးမျောပေးကြတဲ့ အလင်း
တစ်ပွင့်စီတိုင်းကို အထူးအထူးကျေး
ဇူးတင်ပါတယ်နော်။ ဒီကြားထဲ မိသားစု
အိမ်ကိစ္စတွေနဲ့ လုံးလည်လိုက်ပြီး
updateတွေနောက်ကျလည်း နားလည်
ပေးပြီး စိတ်ရှည်လက်ရှည်စောင့်နေ
ပေးခဲ့ကြတာကလည်းချစ်စရာပါ။

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Nov 12, 2019 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

ေစWo Geschichten leben. Entdecke jetzt