အပိုင်း ၁၅

18.8K 2.4K 185
                                    

ကျွန်တော်တို့ ချစ်ခဲ့ကြသည်။

နေ့လယ်ခင်းတွင် သူပြန်ရောက်လာသည်
အထုပ်အပိုးတစ်ပုံတစ်ပင်ကို သူသယ်စ
ရာမလို။ ခပ်ထွားထွားခန္ဓာကိုယ်နှင့် အ
သက်၃၀အရွယ်လူကြီးက အိပ်ရာခင်း
စောင်နှင့် တခြား နေ့စဉ်စားသောက်
စရာ ဖြစ်သော ခေါက်ဆွဲဗူး၊ ကော်ဖီမှုန့်
များနှင့် တခြား snackမျိုးစုံ။ သူသယ်လာတာက တစ်ခုတည်း။ Rocket ထည့်ထားသောအိတ်။

"ဒါ...ဒါတွေ ဘာလို့"

"Cas လိုမယ့် ဟာတွေလေ။ နောက်နေ
ရင်း သိလိမ့်မယ် ။ အဲ့ကျမှတစ်ခုလိုတစ်
ခုထွက်ဝယ်ရတာ အဆင်မပြေဘူး"

ကျွန်တော့်ကို သေချာရှင်းပြပြီးမှ သူ့
နောက်တွင်ရပ်လျက် အခန်းထဲ ဝင်ခွင့်မရသေးသော ကိုလူထွား ကို

"အစ်ကို ဝင်ခဲ့။ လာ ဒီမှာချထား။ ပြီးရင်
ပြန်လို့ရပြီ" ဟူ၍ ခွင့်ပြုမှာ ထိုလူသည်
အခန်းထဲဝင်လာပြီး သူညွှန်ပြသောနေ
ရာတွင်ပင် အထုပ်တွေကိုချသည်။

"ကျွန်တော့်ကို ခွင့်ပြုပါဦး"

Sh**t ကျွန်တော်တကယ်ဂိုဏ်းစတား
တွေ ကြားရောက်နေသလား။ အနှီလူ
ထားက သူ့ကို ခေါင်းတ်ချက်တောင်ညိတ်
ပြပြီး ဦးညွှတ်သွားတာလား။ ရုပ်ရှင်တွေ
ထဲမှာတွေ့နေကျ suit အပြည့်အစုံနှင့်
မဟုတ်။ ဒီအတိုင်း သူလိုငါလိုဝတ်စား
ထားသော်လည်း သူတို့၏ ဆက်ဆံပုံ
နှင့် ရို့ကျိုးမှုတွေက ဘာတွေလဲ။

အခုမှ ကျွန်တော့်အခန်းလေးကျဉ်းနေ
သလိုခံစားလာရသည်။ ထိုသူနှင့်အတူတူ
ရပ်နေရခြင်းကိုက မမြင်ရတဲ့ ဖိအားတစ်
ခုရှိနေသလိုပဲ။ ကျွန်တော့်ပစ္စည်းတွေကို
နေရာချပေးနေသော သူ့ကို ဒီအတိုင်း
ကြောင်ငေးရင်းသာလိုက်ကြည့်နေမိ၏။
အခုလေးတင် သူ့ထက် လူရော အသက်
ပါ ကြီးပုံရတဲ့ လူကြီးကတောင် ရို့ကျိုး
သွားရတာ ကျွန်တော့်အမြင်။ အဲ့လိုလူက
ကျွန်တော့်အတွက် အိပ်ရာခင်း ခင်းပေး
နေလေရဲ့။

"ရ...ရတယ်။ ကျွန် ကျွန်တော် လုပ်ပါ့
မယ်"

အယောင်ယောင်အမှားမှားနဲ့ အိပ်ရာခင်း
စ သွားဆွဲတော့ တားသည်။ ခုံကိုပင်ဆွဲ
ပေးပြီး ကျွန်တော့်ကို ထိုင်ခိုင်းလိုက်သေး
၏။

စေWhere stories live. Discover now