အပိုင်း ၁၈

20.8K 2.4K 68
                                    

ကျွန်တော်တို့ ချစ်ခဲ့ကြသည်။

ပါတီ။ ပါတီဆို ချာပါတီတောင် သေချာ
မစားဖူးတဲ့ ကျွန်တော်သည် တကယ့်
ပါတီပွဲတစ်ပွဲကို တက်ရတော့မည်။
ကျွန်တော်သေအောင်ကြွေနေရသော
အမျိုးသားတစ်ယောက်နှင့်။
အဲ့နေ့ည မတိုင်ခင်တည်းက လူကတစ်
နေ့လုံး မျောက်ငါးပိကိုင်မိသလို လက်
ဖဝါးတစ်စုံကိုတပွတ်ပွတ်နှင့် ။ နေရင်း
ထိုင်ရင်းကို အဲ့အကြောင်းအတွေးက
ရောက်ရောက်သွားရင် လက်ချာလိုက်
နေရင်းနဲ့ကို အဲကွန်းခန်းထဲ ချွေးစီးတွေ
ပြန်ပြန်လာတာ။
ဘေးကသူငယ်ချင်းကပါ မေးယူရတဲ့အထိ။ ဒါပေမဲ့ ကျွန်တော်ရှောင်လွှဲလို့
မှမရတာ။ သူ ဖိတ်ကြားခေါ်ဆောင်သွား
မည့် ဟော်လိုးဝင်းပါတီ ပွဲကြီးကို ကျွန်
တော် တက်ရမည်လေ။

                       ***
"ကိုယ် ရောက်တော့မယ် Cas" ဆိုတဲ့
messageရတည်းက လူက ဂဏာမငြိမ်
တော့တာ။ တကယ်တမ်းရောက်လာ
တော့လည်းပြဿနာကြီးကတစ်ပါတည်း။

ကျွန်တော်ဝတ်ထားသော ကျောင်းသွား
ကျောင်းလာ ဝတ်စုံကိုကြည့်ပြီး ရယ်တဲ့
လူကိုယ်တိုင်က ၁၈ရာစုက အနောက်ဥ
ရောပက သေသွားပြီးသား လူသေကြီး
လိုပဲ။ မျက်လုံးမှာလည်း မှိုင်းညို့နေသော
မီးခိုးရောင် မျက်ကပ်မှန်ကတပ်ထားသေး
၏။
အနက်ရောင်မှိုင်းမှိုင်းလောင်းကုတ်
ကြီးနဲ့မို့ခုမှ အခေါင်းထဲက ထွက်လာတဲ့
ပုံစံ။ အဲ့လိုပုံစံနဲ့ အခန်းထဲဝင်လာတာ။
ဘယ်ဘာသာမှ မကိုးကွယ်တဲ့ ကျွန်တော်
တောင် ဘယ်ဘုရားထ "တ" ရမည်မသိ။

"Cas ဒီပုံနဲ့ သွားလို့ မဖြစ်ဘူးနော်"

"ဘာ...ဒီအတိုင်း"

စကားမဆုံးသေး ကျွန်တော့်ကို သူ့ဖက်
သို့ဆွဲယူပါတော့သည်။
ဝတ်ထားသော V shape T shirt အပါး
လေးကို ခေါင်းပေါ်ကနေ လှန်ချွတ်လိုက်
သည်မှာ လွယ်လွယ်ကူကူ။

"ဘာလဲဗျ ခင်ဗျား"

သူ့ရင်ဘက်ကို ဆောင့်တွန်းလိုက်သော
အခါတွင်တော့ သူလာတည်းက ခု
တင်ပေါ်ပစ်တင်လိုက်သော အထုပ်ကို
ဆွဲယူပေးသည်။

"ဒါ ဝတ်လိုက်"

ထုတ်ပေးသည်က သူ့လိုလောင်းကုတ်။
ဒါပေမဲ့ ကျွန်တော့်coatကနက်ပြာ
ရောင်သန်းသည်။အရင်ဆုံး အောက်ခံ
ရှပ်အနက်ကိုဝတ်စေပြီး အနောက်မှလွှား
ကာပေးသည်။
ရှပ်က ရိုးရိုးရှပ်မဟုတ်။ ရှေးခေတ်ပုံစံ
လည်ပင်းအဝိုက်နားတွင် ဇာပါးအတွန့်
လေးတွေထည့်ထားသည်။ လက်တွင်
လည်း ထိုသို့ အတွန့်များနှင့် ခေါင်း
လောင်းပုံသဏ္ဌာန်ခပ်ပြေပြေတွဲကျနေ
သေး၏။ ကြယ်သီးတွေကို တစ်လုံးချင်း
စီလာတပ်ပေးသောအခါတွင်တော့
ငြင်း၍လည်း မရသလို ဒါသည်ကိုက
သူ နဲ့ ပတ်သတ်၍ ကျွန်တော်စိတ်ကူး
ယဉ်ဖူးသော အနာဂတ်ပုံရိပ်ဖြစ်နေသဖြင့်
ငြိမ်ကာနေလိုက်သည်။ ကျွန်တော်လက်
ခံသည်ကိုချက်ချင်းသိသည်နှင့် ကျန်
သည်များကို သူလုပ်ပေးသည်။ ကျွန်
တော်သည်လည်း ဘာဖြစ်သွားမှန်းမသိ။
ခဏလေးအတွင်း သူ လုပ်ရိုးလုပ်စဉ်မပါ
ကျွန်တော့်ကို အပေါ်ကုတ်ဝတ်ပေးတာ
လည်း အရုပ်တစ်ရုပ်အလားငြိမ်ရပ်နေ
မိသည်။ ကုတ်ပေါ်တွင် အနက်ရောင်
နှင်းဆီပန်းပွင့်များစုကာပေါင်းထားသော ချိန်းကြိုးမျှင်မျှင်တပ် ရင်ထိုးလိုပုံစံတွေ
တပ်ကာ တန်ဆာဆင်ပေးသည်။
ကုန်ကုန်ပြောရရင် ကျွန်တော်
ဝတ်ထားသော ဂျင်းဘောင်းဘီကို ချွတ်
ချသည့်တိုင် ကျွန်တော်ရပ်မြဲတိုင်းရပ်
လျက်။ ကျွန်တော့်ကို ဂျပန်ခေတ်ကင်ပေ
တိုင်တွေ ကဲ့သို့ ဒူးအတိဘောင်းဘီအ
နက်ရောင် ကို ဝတ်ဆင်ပေးသည်။
ခါးပတ်ပတ်ပေးပြီးနောက်

စေWhere stories live. Discover now