အပိုင်း ၅

24.4K 2.8K 46
                                    

အပိုင်း ၅

မစ်ရှယ်ကျောင်းပိတ်ရက် ၊ ကျွန်တော်လည်း အလုပ်နားရက်ရသော တနင်္ဂနွေနေ့တွင် Movie Datingထွက်ရန်
ဆုံးဖြတ်လိုက်ကြပြီး Junction City သို့ ထွက်လာဖြစ်ကြသည်။

အိမ်တွင် ဖုန်းနှင့် တခြားသောအရောင်ပြန်မျက်နှာပြင်အမျိုးအမျိုးနှင့်ထိတွေ့ခွင့်မရသော မစ်ရှယ်သည်
အခုကဲ့သို့ ရုပ်ရှင်ကြည့်ရမည့် အရေးကို များစွာစိတ်လှုပ်ရှားတက်ကြွနေခဲ့သည်။ ကျွန်တော့်သမီးကိုရုပ်ဝတ္ထုတွေအပေါ်စွဲလမ်းစိတ်ကို အတတ်နိုင်ဆုံးလျှော့ချထားပေး၏။ အိမ်တွင်လည်း သတိပေး
သည်။ထက်ပိုသော စည်းကမ်းတစ်ခု
တင်းတင်းကျပ်ကျပ်ကို ချမှတ်ထားသည်။

ကျွန်တော့် တွေ့ဖူးသည်။ ကလေးငြိမ်ရင်ပြီးရော ဆိုပြီး တီဗီတစ်နေကုန်ဖွင့်ပြထားသလို ဖုန်းပေးကိုင်ထားခြင်းမျိုးတွေ
ကျွန်တော့်သမီးကို အဖြစ်မခံ ။
အစ်မမြကိုလည်း ပြောထားသည်။
ကလေးရှေ့ ဖုန်းမကိုင်ရ။

ဆက်သွယ်စရာရှိလျှင် အိမ်ဖုန်းနဲ့သာ
ဆက်သွယ် ၊ ကျွန်တော်ကိုယ်တိုင်သည်လည်း မစ်ရှယ့်ရှေ့တွင်ဖုန်းကို
တခုတ်တရမကိုင်ပြ။

တခြားစိတ်ဝင်စားစရာတွေနဲ့သာ သမီးကို အဖော်ပြုပေးသည်။
ကျွန်တော်တို့တွေ Jig Jaw လေးတွေ
အတူတူ ဆက်သလို အရောင်တွေ ၊
တိရစ္ဆာန်ရုပ်ပုံ မျိုးစုံ နှင့် ကမ္ဘာမြေကြီးပေါ်က သက်ရှိတွေနှင့်ပတ်သတ်သော
ပုံပြင်တွေပြောပြခြင်းဖြင့်သာ အတူတူအချိန်ကုန်စေသည်။ တစ်ခါတလေ သီချင်းဖွင့်ကာ ဖြည်းဖြည်းချင်းကကြသည်။ သမီးကို Social Media တွေနှင့်မထိတွေ့စေချင်...တတ်နိုင်သလောက်
သဘာဝတရားများနှင့်သာ ကြီးပြင်း
လာစေချင်သည်။

တစ်ခါတလေ အခုလို နှစ်ယောက်သားအပြင်ထွက်ကာ ရုပ်ရှင်ကြည့်သောအခါ ရတောင့်ရခဲ မို့ မစ်ရှယ်က အထူးစိတ်လှုပ်ရှားတတ်သည်။ အခုလည်း
ရုပ်ရှင်ချိန်လိုသေး၍ ဟိုဟိုဒီဒီ
လျှောက်ကြည့်ရင်း အရုပ်ဆိုင်ထဲခေါ်သွားပေးတော့ အမွှေးပွအရုပ်များထက် Brainwork ဂိမ်းများက မစ်ရှယ်ကို ပို၍
ဆွဲဆောင်နိုင်သည်။ ဒါမျိုးတွေနဲ့
ရင်းနှီးနေအောင်ပင် ကျွန်တော်အ
ချိန်တွေပေးပြီး တည်ဆောက်ပေးခဲ့တာ။ ဥပမာ Bingo အတန်းလေးများကို သုံးတန်းညီအောင် ဆက်ခြင်းဖြင့် တ
ကယ့်လောကကြီးကိုရင်ဆိုင်လာရချိန် ရှုထောင့်မျိုးစုံကြားဘယ်လိုပဲ ပိတ်ဆို့ကြပါစေ လွတ်အောင် တိမ်းရှောင်တတ်
ပါစေ။ ကိုယ်ဖြစ်ချင်တာကိုရအောင်လုပ်နိုင်ပါစေကြောင်းရည်ရွယ်၍ ဒီလို ကစား
နည်းတွေကို အချိန်ပေး
အတူတူ ဆော့ပေးပြီး သမီးရဲ့ mind set တွေကို အခုတည်းက ဖြည်းဖြည်းချင်း
တည်ဆောက်ပေးထားတာ ။

စေWhere stories live. Discover now