အပိုင်း ၄-၂

25.8K 2.7K 29
                                    

အပိုင်း ၄-၂

တံခါးခေါက်သံသဲ့သဲ့ကြားလိုက်သလိုရှိသည်။ အရေးကြီးသည့် ပစ္စည်းကို ရှာဖွေနေရ၍ ရန်သူအခြေအနေလည်း
ရှိနေသေး၍ မထဖြစ်။

သူဆော့နေသည့်ဂိမ်းသည် ယခု
ထွက်ပေါ်လာစ အင်တာနက်ဆိုင်များ
တွင် အုပ်စုဖွဲ့ဆော့ရသည့် dota နှင့် counterတို့ ကဲ့သို့ အုပ်စုဖွဲ့ကာ တစ်ဖက်နှင့်တစ်ဖက်အပြိုင်ပစ်ကြခတ်
ကြခြင်းမဟုတ်။ ရုပ်ရှင်ကဲ့သို့ ဇာတ်လမ်းကြောင်းရာ ရေးဆွဲထား၍ ကိုယ်ပိုင်ဇာတ်ကောင် (protagonist)
တစ်ယောက်သာ အဓိက လှုပ်ရှားရသော ကွန်ပျူတာဂိမ်းပင်။ အခုလည်း တကယ့်အရေးကြီးသည့် တိုက်ပွဲကြား
ရောက်နေ၍ အစ်မအခန်းထဲထိရောက်လာပြီး ဘေးနားဝင်ရပ်ကာ ဇက်ပိုး
အုပ်လိုက်ခြင်းကို မတားနိုင်လိုက်ခြင်း
ဖြစ်သည်။

"အ- နာတယ်ဟ"

"နာအောင်ရိုက်တာလေ"

"အခုချိန်မှာ ငါ့ကို လူဆယ်ယောက်
လောက်ဝိုင်းရိုက်ထားသလိုကို နာနေတာ"

ရှုံမဲ့ကာ ဆိုသော်လည်း အစ်မကို လှည့်မကြည့်နိုင်အား။ အာရုံတစ်ချက်လွင့်
သည်နှင့် ဝိုင်းလာသော ရန်သူများကြားမှ အတင်းရုန်းနေရပြီ။

"နာတယ်သာဆို ဒါတော့လုပ်နိုင်တယ်"

ပြောပြောဆိုဆိုနဲ့ပင် PC ပုံးပေါ်ရှိ ပါဝါခလုတ်ကို ဇိုးဇိုးဇက်ဇက်နှင့်ပင် ပိတ်ပစ်လိုက်သည်။ ကွန်ပျူတာမျက်နှာပြင်သည် တဖြည်းဖြည်းအရောင်မှိန်ကျကာ
နောက်ဆုံးတွင်တော့ အမည်း
ရောင်ဟင်းလင်ပြင်တစ်ခုသာ ကျန်ရှိ
ခဲ့တော့၏။

"ရစ်ချယ်ဦး"

စိတ်တိုလွန်း၍ မျက်လုံး ၊ နားရွက် များပါ မကျန် တစ်မျက်နှာလုံး နီနီရဲလာပုံကို
ကြည့်ပြီး သဘောတကျဟားတိုက်သည်။

"ငါ ဘယ်လောက်အရေးကြီးနေလဲ သိလား ။ ဒါတွေကို သတ်နိုင်မှ င့ါရွာကို
ငါပြန်နိုင်မှာ"

"အမယ်လေး နင် အချိန်မရွေးပြန်လို့ရပါတယ်။ နင့် အကောင်က ပြန်မရှင်လာမှာလည်း မဟုတ်ဘူး"

စိတ်တိုလွန်း၍ မျက်နှာချင်းပင် မ
ဆိုင်ချင်တော့ ။ သူမ နှင့် ဝေးရာ ခု
တင်ဆီသွားတော့လည်း တောက်တက်
လို အနောက်မှ လိုက်သည်။

စေTahanan ng mga kuwento. Tumuklas ngayon