အပိုင်း ၁၇

18K 2.3K 53
                                    

ကျွန်တော်တို့ ချစ်ခဲ့ကြသည်။

"Cas..."

ဘယ်တော့မလို Helloမထူး။ နာမည်ကို
သာ အရင်စခေါ်တတ်သော ရစ်ချယ့်
အကျင့်ကို နပ်သူပီပီ ပိုင်စိုးပိုင်နင်းဖြင့်
ကောက်ကိုင်ထားသော ကျွန်တော့်ဖုန်း
ကို လက်ထဲထည့်ပေးသည်။
နာရီတစ်ချက်လှမ်းကြည့်တော့ ညာဥ့်နက်
သည် ဆိုသော အပိုင်းထဲရောက်နေပြီ။

"အေး ပြောလေ ရစ်ချယ်"

ပြန်ဖြေရင်း သူ့ကိုကြည့်တော့ စားရေးစား
ပွဲပေါ်မှ မုန့်ထုပ်ခွံများကိုရှင်းပေးနေ
သည်။

" အဘွားရဲ့ အစ်မက ဒီကျောင်းပိတ် သူ့
ဆီလာခဲ့ပါဦးဆိုပြီး ခေါ်နေတယ်။ နင်
သွားမှာလား"

"နင် ရော"

"ငါ မအားဘူး။ သင်တန်းရှိတယ်။ ပြီး
တော့ ဘယ်အမျိုးနဲ့မှ မတွေ့ချင်ဘူး"

"ဟားဟား ဘာလဲ ယောကျာ်းအတင်း
ပေးစားမှာကြောက်နေတာလား"

"သေလေ။ သူပေးစားတိုင်း ငါကယူစ
ရာလား။ အဲ့ဒါတွေထားစမ်းပါ။ နင်သွား
လိုက်"

"ဟာ ငါ ဒီ ပိတ်ရက် ချိန်းထားတာတစ်ခုရှိတယ်"

"ဘာလဲ။ ဘယ်ကိုသွားစရာရှိလို့လဲ"

ရစ်ချယ်စ အစ် တော့ ကျွန်တော်လျှာ
တွေလေးလာသည်။ အခုထိ ကျွန်တော်
သူနဲ့ တွဲသွားတွဲလာလုပ်နေတယ်ဆိုတာ
ရစ်ချယ် မသိမရှိဆိုတာ ဖြစ်နိုင်ပါ့မလား
ဆိုသည့် အတွေးက စတင်ဝင်ရောက်
လာသည်။

"ဟဲ့ မေးနေတယ်လေ"

"ငါ ငါ့ကို ပါတီ တစ်ခုဖ်တ်ထားလို့။ နင်
ပဲ ငါ့ကို လူတောတိုးဆို။ ဒါကြောင့် ငါ
သွားမလို့"

"ဘယ် ပါတီလဲ"

"ငါ့အတန်းထဲက သူငယ်ချင်းတစ်
ယောက်မွေးနေ့။ သူ့အိမ်မှာပဲ လုပ်မှာပါ"

"ပြီးရောလေ...ဒါဆိုလဲ။ ငါပဲ မလာနိုင်တဲ့
အကြောင်း ပြောလိုက်မယ်။ ဒါနဲ့ ငါအခု
တလော နင့် သတင်းတွေကြားတယ်
နော်"

"ဘာ...ဘာကိုကြားတာလဲ"

"နင် အတွဲရနေပြီလိုလို"

"ပေါက်ကရတွေဟာ"

"အေးလေ ထားပါတော့။ ငါလည်းနင့်
ဂရုမစိုက်နိုင်သေးတော့ ခဏ passပေး
ထားပါ့မယ်"

စေWhere stories live. Discover now