အပိုင်း ၁၄

18K 2.3K 66
                                    

အပိုင်း ၁၄

ကျွန်တော်တို့ ချစ်ခဲ့ကြသည်။

"Casရေ...ကိုယ်ဒီမှာ"

ဝမ်းသာအားရကြီးအော်လိုက်တာများ
ချန်ဂီလေဆိပ်က သူ့အိမ်သူရာပမာ။
လက်ကော ခြေကောဝေ့ဝဲပြနေတာ။ မွေးကတည်းက ကျပ်မပြည့်သလို သွားက
လည်း အဖြီးသား။

အသံထွက်တောင် ဆဲမိသည်အထိ။ သူနဲ့ ကျွန်တော်တကယ်ကြီးကို တစ်နာ
ရီတောင်ခြားတာလေ။ တစ်နာရီလုံးလုံး သူတကယ်ကြီးစောင့်နေတာလား။

အစက မသိချင်ယောင်ဆောင်ဖို့ စဉ်းစားသော်လည်း အားလုံးက သူ
ကျွန်တော့်ကိုစောင့်နေမှန်းသိနေပြီ။

အကုန်လုံးကလည်း ကျွန်တော့်ကို
ကွက်ကြည့်ကွက်ကြည့်။ ဒီတစ်ခါတော့
ကျွန်တော့်၏ ထူးဆန်းသော
မျက်နှာတစ်ခြမ်းကြောင့်တော့ ဟုတ်ပုံမရ။ ခြေကားယားလက်ကားယားနှင့် ကြိုဆိုနေသူကိုတောင်တစ်ချက်မပြုံးပြဘဲ
ခပ်တည်တည်ရှုတည်တည် ပုပ်သိုးသိုး
ဖြစ်နေသောကြောင့်သာ ဖြစ်လိမ့်မည်။

မဖြစ်ဘဲ ခံနိုင်ရိုးလား။ သူ့အိမ်မှာ အိပ်မိတဲ့ညက နိုးနိုးချင်း ဘယ်လိုအနေအထား
ဖြစ်ခဲ့လဲ ဆိုတာ။ကျွန်တော့်ရင်ဖက်ပေါ်
ခေါင်းတင်ပြီးကို အိပ်နေတာ။ မနက်လင်းချင်းခေါင်းတွေကိုက်ပြီး နိုးလာတော့
တွေ့လိုက်ရတာက ရင်ဖက်ပေါ်ကနေ
ပြုံးပြုံးကြီးနဲ့ဗျာ။

ဘယ်လောက်ထိရှက်ဖို့ကောင်းတဲ့ ကိစ္စလဲ။ ကျွန်တော်ကြောက်တယ်။ သူ့ကို ကျွန်တော်ကြိုက်နေတာသိနေမှာ။
နောက်ပြီး ကစားခံရမှာ။ ဒီတော့
ကျွန်တော်က သူမကြော နိုင်ခင်
ကျွန်တော်အရင်အပေါ်စီးကနေပဲ
ခပ်တင်းတင်းဆက်ဆံဖြစ်သည်။ အခုလိုပေါ့။ တော်တော်ကြီးစိတ်ထဲမှာ
ပျော်နေပေမဲ့တစ်ချက်လေးတောင်
မပြုံးပြမိဘူး။ သူကလည်း အထာပဲ
နပ်နေတာလား။
တကယ်ပဲ အောက်ကျို့ခံတာလားမသိ။ ကျွန်တော့်တွန်းလှဲကိုယူကာ တွန်းပေး
သည်။

"ပင်ပန်းနေပြီလား Cas"

ခေါင်းကိုပင် ပိုင်စိုးပိုင်နင်းဖွလျက် မေးလာ၍ ပုတ်ထုတ်ဖို့ရာ လက်က မအား။ ကျောပိုးအိတ်နှင့် ပတ်စပို့ဘာညာတွေထည့်ထားရတာ စလွယ်သိုင်းအိတ်နှင့်
အန်ကယ်ရန် ထည့်ပေးလိုက်သော
အကြော် အခြောက်ဗူးတွေက တစ်အိတ်။ သူကတော့...

စေWhere stories live. Discover now