အပိုင်း ၆

23.5K 2.7K 50
                                    


အပိုင်း ၆

"မင်္ဂလာပါ။ ကျွန်တော်မစ်ရှယ်ဦးရဲ့ အုပ်ထိန်းသူ ဦးပိုင်ဇင်ဦးပါ"

"ဟုတ်ကဲ့ မင်္ဂလာပါ"

"ဒီနေ့ သမီးက ပြောတယ်။ သူတို့ကို ဂီတဆရာအသစ်ဝင်သင်တယ်ပြော
တယ်။ အဲ့ကိစ္စလေး ကျွန်တော့်ကို
အသေးစိတ်ပြောပြပေးလို့ရမလား ဆရာမ ။ ကျွန်တော် သမီးကို ကျောင်းလာအပ်တုန်းက သိထား
တာက သမီးတို့အတန်းကို အမျိုးသားဆရာမသင်ဘူး။ အမျိုးသမီးတွေပဲ ရှိ
တယ်ပြောထားလို့ဒီကျောင်းခွဲကို တကူးတက ပြောင်းထားတာ"

"အာ ဟုတ်ကဲ့ ။ အဲ့ ကိစ္စအတွက် ကျွန်မတို့ဘက်ကနေ မိဘအုပ်ထိန်းသူတွေကို ဖုန်းဆက်အသိပေးဖို့စီစဉ်ထားပါတယ်။ အခုလည်း အလှည့်ကျအသိပေးနေတာပါ ။ အမှန်က ဆရာက အထက်တန်းအတွက်အချိန်ပိုင်းသင်ပေးတာပါ ။
သမီးလေးတို့အတန်းတွေကို သင်ပေးတာမဟုတ်ဘဲ ကလေးတွေအတွက်
ဖြော်ဖြေပေးတဲ့ သဘောပါ"

"အဲ့ဒါ အမြဲတမ်းဖြစ်နေမှာလား"

တစ်ဖက်မှ ဆရာမ မည်သည့်စကားမျှမဆိုနိုင်သေးခင်

"ဆရာမ ကျွန်တော့်ကို ပေး" ဟူသော ယောက်ျားတစ်ယောက်အသံကို ကြားလိုက်ရသည်။ ဒါ...ဒါ နေဧကအသံ။

ဖုန်းကိုချက်ချင်းချလိုက်မည်တွင် လမ်းခုလတ်မှာပင်

"Cas ကိုယ်ပါ" ဟူသော ခေါ်သံကြောင့် အရာရာတုံ့ဆိုင်းသွားရသည့် အဖြစ်သို့ ဆိုက်ရောက်လာသည်။

"ခင်ဗျား"

"ဆရာမကိုပဲ ဖုန်းပြန်ပေးလိုက်ပါ ။
ကျွန်တော့် သမီးအတန်းပိုင်နဲ့ပဲ
ပြောချင်တယ်"

"Cas ကိုယ်ရှင်းပြ..."

"ပေးလိုက်"

ဖုန်းခွက်မှ ဟိန်းထွက်လျှံထွက်လာသော ကျွန်တော့်အော်သံကြောင့်ဆရာမသည် ချက်ချင်းဆိုသလိုဖုန်းကိုလှမ်းယူရှာ
သည်။

"ဟုတ်ကဲ့ ဂီတဆရာက..."

"မနက်ဖြန် ကျွန်တော့်သမီးကို ကျောင်းထုတ်ဖို့အတွက်ကျောင်းကိုလာခဲ့ပါ့မယ်။ အခုတော့ ဒီလောက်ပါပဲ"

ဖုန်းခွက်ကို ချလိုက်သည့်တိုင် ကျွန်တော့်စိတ်နှင့် ခန္ဒာသည်ကား တည်ငြိမ်မှုမရ
နိုင်သေး။

စေWhere stories live. Discover now