အပိုင်း ၇

20.1K 2.6K 25
                                    

အပိုင်း ၇

အရှိန်နှင့်မောင်းထွက်သွားသော
ကားနောက်မြီးကို ကြည့်ရင်း ဧက
သက်ပြင်းချမိသည်။ ထူးဆန်းနေခြင်းကိုလည်း ယုကျုံးမရစွာဖြင့် မချိတင်ကဲ ရယ်ဖြစ်သည်။ အားလုံးကိုကျော်ပြီး သူ့ကိုမှ...

ထိုကောင်လေးကိုမှ။ ချောပေ့လှပေ့ဆိုတာတွေကိုပဲ ရွေးကြိုက်ခဲ့တဲ့ နေဧက ဆိုသူက ရုပ်ပိုင်းဆိုင်ရာကြောင့် သိမ်ငယ်နေတဲ့ ကောင်လေးကိုမှ...
အတိတ်က ပြောခဲ့သမျှ
လက်လွတ်စပယ်ပြုမှုမိသမျှကိုသာ အခုချိန်ပြန်ပြင်လို့ရခဲ့ရင် သေချာတယ်။

ရစ်ချယ့်ဆီမှ ဘာအကူအညီမျှတောင်းမိခဲ့လိမ့်မည် မဟုတ်။ ကျွန်တော်
တကယ်လည်းအကူအညီတောင်းခဲ့ခြင်းမဟုတ်။ အခြေအနေတစ်ခုကိုသာ ငြင်းချက်မထုတ်ဘဲ အလိုက်သင့် မျှောချခဲ့ခြင်းသာ...

***

"မင်း နဲ့ ဧက က ဘာတွေလဲ"

အတန်းတူတူတက်နေသော သူငယ်ချင်းထံမှ ထိုစကားကြားလာရခြင်းတွင် ကာယကံရှင်နှစ်ယောက်လုံးက အတူတူရှိနေခဲ့သည်။ ကြက်တောင် အသင်းဝင်တွေပဲ စုထိုင်နေကြသော ကန်တင်း၏ ထောင့်ဖြတ်စားပွဲတွင် တော့ ဧက ၏ လောလောလတ်လတ်အဆက်ဖြတ်ထားခြင်းခံရသော
ဘက်စကတ်ဘောအသင်းခေါင်းဆောင် ရှိနေသည်။
ရစ်ချယ်သည် အသင်းခေါင်းဆောင်ဆီ မသိမသာ စောင်းငဲ့ကြည့်ပြီးမှ ကျွန်တော့်ထံတစ်ဖန်ပြန်ကြည့်လာ၏။ နှစ်ဦးနှစ်ဖက်စက္ကန့်ပိုင်းအတွင်းနား
လည်မှုယူကာ မေးလာသောသူငယ်ချင်းကို ပြိုင်တူပခုံးတွန့်ပြဖြစ်ကြသည်။ ယင်းအပြုအမူအစုံလိုက်အား ဘက်စဘောအ
သင်းခေါင်းဆောင်လည်း မျက်မြင်ကိုယ်တွေ့ရှိလိုက်မည်။ သို့သော် နည်းနည်းလေးမှပင် မဖြုံ။

"ရစ်ချယ် နင်အတန်းရှိသေးလား"

ကျွန်တော်မေးတော့ ရစ်ချယ်ခေါင်းခါပြသည်။

"အိမ်ပြန်ရင် ငါလိုက်ပို့ရမလား"

"ရတယ် ။ အန်ကယ်ရန် လာကြိုလိမ့်မယ်။ ငါ့မောင်က ငါမပါဘဲ အိမ်မပြန်ဘူးလေ"

"ဝိုး...မင်းမောင်က မင်းကို ဂရုစိုက်သားပဲ ၊ နောက်လည်းငါ့ကို မိတ်ဆက်ပေးဦး။
တစ်ကျောင်းတည်းတက်ပြီး မတွေ့
ဖူးသေးဘူး"

စေWhere stories live. Discover now