အပိုင်း ၃

31.4K 3.3K 28
                                    

အပိုင်း ၃

"လေးဖက်နာပိုးတွေ့တယ်။ အရမ်းတော့မများသေးဘူး ။ ဆရာတို့သောက်ဆေးနဲ့ပဲကုသမယ်။ ကလေးက

တအားငယ်နေသေးတော့ ဆရာတို့ဖက်က ချင့်ချိန်ရမယ့်အပိုင်းတွေများတယ်။ ပြီးတော့ ကလေးကို

အအေးခန်းတွေထဲမှာပဲ မထားဘဲ အားကစားလေးတစ်ခုခုပုံမှန်လေးလုပ်ခိုင်းစေချင်တယ်"

ပြန်လည်ကြားယောင်လာသော ဆရာ့စကားများ၊ နောက်ပြီး မနက်က ထပ်တွေ့ခဲ့သော မျက်နှာ အားလုံးကို

ပျောက်သွားစေရန် ခေါင်းကို ခပ်ကြမ်းကြမ်းခါထုတ်လိုက်သည်။ သို့ပါသော်လည်းမပျောက်သွားသည့်အပြင်

အနည်ထိုင်နေသော အတိတ်များက ခေါင်းထဲမှနေ၍ အတွေးလွှာပေါ် တစ်ဖန်ပြန်ဆန်တက်လာ

လေတော့၏။

လွန်ခဲ့သော ၅ နှစ် ၊ လူတွေသိသော ဒီရောဂါနှင့် တခြားကျွန်တော်ခံစားခဲ့ရသော ဝေဒနာ များအားလုံး

ကျွန်တော့်အသက် ၁၉ နှစ်၊ အထက်တန်းတရားဝင်ပြီးတဲ့ နှစ်က စတယ်ပဲပြောရမည်။

"သွေးထဲ လေးဖက်နာပိုးတွေ့တယ်"

လက်ထဲမှ ဆေးစစ်ချက်စာရွက်ကိုချလျက် ကျွန်တော့်ကို ဘယ်လိုလဲ ဟူသော ပုံစံနှင့် ပြန်ကြည့်လာသော

မိသားစုဆရာဝန်ကို ဒီအတိုင်းသာ ပြုံးပြလိုက်သည်။ ဘယ်တတ်နိုင်မလဲ။ ပိုးတွေက သူ့ဘာသာသူ

ပျော်လို့ ကျွန်တော့်သွေးထဲလာနေနေတဲ့ ကိစ္စကို ကျွန်တော်ဘာလုပ်နိုင်မှာလဲလေ။

"အဲ့ဒါ ဂိမ်းပဲ တစ်ချိန်ကုန်နှိပ်နေလို့ဖြစ်တာ"

ဟမ်။ အစ်မကတော့ လုပ်လိုက်ပြန်ပြီ။

"ဘာဆိုင်လို့လဲ ရစ်ချယ်"

"မဆိုင်ဘဲ နေမလား ဒေါက်တာမသိလို့ သူက တစ်နေ့မှာ ၈ နာရီက ဂိမ်းနှိပ်နေတာ။ စာမေးပွဲတွေ မပြီး

တုန်းကလည်း အတင်းအဲ့ ကွန်ပျူတာရှေ့ကနေ မ ထုတ်ထားရတယ် ။ အခုစာမေးပွဲပြီးတော့

ပိုဆိုးလာတယ် ။ ကွန်ပျူတာရှေ့ကနေကို မခွာတမ်းပဲ။ အစ်မက ခဏတစ်ဖြုတ်ပြန်လာတုန်းလေး

စေWhere stories live. Discover now