အပိုင်း ၁၂

19K 2.5K 117
                                    


အပိုင်း ၁၂

ကျွန်တော်တို့တကယ်ချစ်ခဲ့ကြသည်။

လေးဘက်လေးလံရှိနေသောပွဲကြည့်
စင်တွင် ပရိတ်သတ်အင်အားကလည်း
မနည်း။ ပွဲမစခင်တည်းကထောပနာပြုအားပေးနေသော Cheer team ၏
သီချင်းသံနှင့် ကသံ၊ ခုန်သံတွေကို အ
ဝတ်လဲခန်းတွင်းမှ ကြားနာနေရသည်။ ကျွန်တော်တို့ ကလပ်ဝင်တော်တော်များများက ကျွန်တော်တို့ကျောင်းမှ ဖြစ်ကြသလို နည်းပြကိုယ်တိုင်ကပါ ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့၍ ခုကဲ့သို့ က
လပ်ပွဲတွေမှာလည်း ကျောင်းမှ
Cheer team ကိုယ်တိုင်လာ
ရောက်အားပေးနေခြင်း။ ကျောင်းတုန်းကတောင် မျက်နှာချင်းဆိုင်ဖို့ မပြော
နှင့် ကျွန်တော့်ရဲ့ တည်ရှိခြင်းကိုတောင် မသိခဲ့တဲ့ Cheer team leader သည်

"ယူ့ကို အားပေးနေမယ်နော်" ဟူ၍ အထာကြီးနဲ့ လာပြောသွားတာ။
ယောကျာ်းလေးတွေ ဘာလို့ အားကစားသမားဖြစ်ချင်လည်း ခုမှ နည်းနည်း
သဘောပေါက်သွားရသည်။

ပထမဆုံး ကျောင်းမှနာမည်ကြီးမိန်းမ
လှလေး၏ အရေးစိုက်နှုတ်ဆက်ခြင်းကို မခံရဖူးသူ ပီပီယောင်တောင်ပေါင်
တောင်နဲ့ပင် ခေါင်းတညိတ်ညိတ်လုပ်ပြလိုက်သော ကျွန်တော့်ကို ကြည့်ပြီး
သဘောတကျရယ်သည်။

လော့ကာကို မှီပြီး ရိသဲ့သဲ့ပုံစံဖြင့် ကြည့်လျက် ပခုံးသားတွေ တသိမ့်သိမ့်
လှုပ်ခတ်လျက် ရယ်နေသေးသော
တောင်ပေါ်သားကို ဘုရှိုးတစ်ချက်ရှိုးမိ
သည်။ သင်းက နည်းနည်းလေး အရော
ဝင်တာနှင့်...လူကိုပြောင်ချင်လှောင်ချင်တဲ့ထိ ကမ်းတက်လာတာလား။

စိတ်တိုင်းမကျ ဖြစ်နေသော ဖိနပ်ကြိုးကိုသာ ပြန်ချည်ဖို့ ခေါင်းငုံ့လိုက်တာပဲ
ကောင်းရော့မည်။

"ကိုယ်တော်လေးက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေခဲ့ရတာ သိသာလိုက်တာ"

ထိုင်နေသော ခုံတန်းရှေ့ဒူးတစ်ဖက်ထောက်ထိုင်က ဖိနပ်ကြိုးအစုံကို သူ့
လက်ထဲသို့ လွှဲပြောင်းယူရင်းအငိုက်မိကာ ကြောင်အနေသော ကျွန်တော့်ကို
မော့ကြည့်သည်။ ဒီလူ ဘယ်လိုတွေလာလုပ်နေတာလဲ

စေWhere stories live. Discover now