အပိုင်း ၂၄

23.4K 2.3K 36
                                    

"ကိုယ့်ကို ကြည့်မနေနဲ့...သမီးဆီပြန်
လိုက် နော်"

အခန်းထဲ မဝင်ခင် သတိပေးသလို
ချော့မော့သော လေသံနှင့် ထပ်
ပြောသော အခါ ကျွန်တော်ကတိမပေး
ဖြစ်။ တုံဏှီဘာဝေ ဖြင့် ရပ်နေဆဲဖြစ်
သော ကျွန်တော့်မျက်နှာကို အခါတိုင်း
လို ဒူးကွေးလျက် ငုံ့ကိုင်းကြည့်သည်။

"ကိုယ် အရမ်းကြည့်ရဆိုးနေမှာမို့
Cas က သမီးနဲ့ပဲ သွားနေနော်"

ပြီးပြီးရောသဘောဖြင့်သာခေါင်းညိတ်
ပြလိုက်သည်။ သူ စိတ်မချသလိုလှည့်
ကြည့်လှည့်ကြည့်နှင့် ရိုးတွင်းခြင်ဆီ
ထုတ်ယူခံရမည့် အခန်းထဲဝင်သွားခဲ့
သည်။

သမီးကို ဆေးသွင်းကုသမှု သုံးပတ်
မြောက်သည့်အချိန်တွင်တော့ သူ၏
ဆေးစစ်ချက်တိတိကျကျထွက်လာခဲ့
သည်။ အားလုံးမျှော်လင့်ထားသည့်
အတိုင်း သူတို့၏ သွေးအမျိုးအစားအပြင် HLAဆိုတဲ့ chromosome typeပါ​တော်​တော်များများတူနေခဲ့
သည်။ Stem Cell Transplant လုပ်နိုင်
သည်အထိ လုံလုံလောက်လောက်ကို
တူညီနေခဲ့ကြတာပါ။

ထိုသတင်းအတွက် ကျွန်တော့်မှာဝမ်း
နည်းဝမ်းသာပါပဲ။ သမီးက သူ့သမီးဆို
တာကို မြူတစ်မှုန်စာပင်ယုံမှားသံသယ မဖြစ်ထိုက်တော့။ ဒီအချိန်မှာ
ကျွန်တော့်ရဲ့ သူ့အပေါ်မူမမှန်တဲ့ စိတ်
ခံစားချက်တွေထက် ကျွန်တော့်သမီး
ရဲ့ လွတ်မြောက်မှုကသာ အရေးကြီးဆုံးပင်။ သမီးကို ယခုကဲ့သို့နောက်ဆုံး
နည်းလမ်းဖြင့်သာ ကုသမှ အဆင်ပြေ
ပါတော့မည်။ PCI (Prophylactic Cranial Irradiation for Leukemia) လို့
ခေါ်တဲ့ ဓာတ်ရောင်ခြည်ကုသမှုတွေ
ဆေးသွင်းကုသခြင်းတွေကြား သမီး
ဒဏ်ခံနိုင်ဖို့ ဆိုတာ ချောက်ကမူစွန်းပေါ် ခြေတစ်ပေါင်ကျိုးရပ်နေသလို
အခြေအနေမျိုးမို့။

နောက်ဆုံး လှူမည့်သူက ဖခင်ကိုယ်
တိုင်ဖြစ်စေကာမူ ဥပဒေအရ သမီးရဲ့
တရားဝင် အုပ်ထိန်းသူဖြစ်သည့်ကျွန်
တော်ကသာ ခွင့်ပြုခြင်းကို ဆုံးဖြတ်
ပေးခဲ့ရ၏။
အတွေးများစွာနှင့် သူ့စကားနားထောင်
ကာ အခန်းရှေ့က ထွက်သွားရကောင်း
နိုးနိုးစဥ်းစားမိပေမဲ့ သူ၏ နာကျင်မှု
ပုံစံ။ ကျွန်တော်မြင်ချင်တယ်။
သမီးအတွက် ပေးဆပ်နိုင်စွမ်းအားကြီး
တဲ့ အဖေတစ်ယောက်ရဲ့ ပုံရိပ်ကိုလည်း
ကျွန်တော့်မှတ်ဥာဏ်တွေထဲ သိမ်းဆည်းချင်သေးတဲ့ အတ္တနဲ့အတူ
အခန်းရှေ့မှ မှန်ကာလေးဆီသို့ ခြေ
လှမ်းတို့ အလိုလိုရွေ့သည်။

ေစWhere stories live. Discover now