အပိုင်း ၉

20.3K 2.4K 46
                                    

အပိုင်း ၉

"မတွေ့တာ ကြာပြီ ရစ်ချယ်"

သူမကြိုက်တတ်သော နှင်းဆီအဝါ
ရောင်တစ်ပွင့်ကို သူမခိုနားရာ မှန်ဘောင်
လေးရှေ့ကပ်ရင်း ကျွန်တော်နှုတ်ဆက်လိုက်သည်။ ဓာတ်ပုံထဲမှ သူမကတော့ နောက်ဆုံးတွေ့ခဲ့သလိုပဲနေရောင်
အောက်မှနေ၍ပြုံးပြလျက်ရှိ၏။

"နင်ပျော်နေမှာပေါ့ ရစ်ချယ် ၊ နင် ဖြစ်စေချင်ခဲ့သလိုပဲ Cas က ငါ့ကိုမျက်နှာ
ချင်းတောင်မဆိုင်ချင်တော့ဘူးဖြစ်နေ
တယ် ။ နင်သိလား။ သူ ကလေးလေး
တစ်ယောက်ကိုလည်း မွေးစားထား
တယ်တဲ့ ။ ဒါကိုလည်း ငါမယုံချင်ဘူး
ဖြစ်နေတယ် ။ ပိုရယ်စရာကောင်းတာက ပတ်ဝန်းကျင်မှာ သူနဲ့ မိန်းမတစ်ယောက်နဲ့မှားပြီးရလာတဲ့ ကလေးလို့အသံ
ထွက်နေတယ်ဟ...ဟား"

အရည်ကြည်တစ်ချို့ကြောင့် ဝေဝါး
လာသော အမြင်အာရုံထဲတွင် သူမ
သည်အားပါးတရ ပြုံးရင်းကြည့်နေဆဲ

ဒါသည် တစ်ချိန်က တကယ်ကို ယုံယုံကြည်ကြည်တိုင်ပင်ပြီး နေခဲ့တဲ့ ၊ ယှဉ်ပြိုင်မှု
ပြင်းထန်တဲ့ အားကစားပွဲတိုင်းမှာ တွဲ
ဖက်ညီခဲ့တဲ့ ကျွန်တော့်၏ သူငယ်ချင်း
မလေး။ မထင်ခဲ့ဘူးလေ ။ သူမ ဒီ
လောက်ထိရက်စက်တတ်မယ်မှန်း...

ဒါကလည်း ကျွန်တော်ကိုယ်တိုင်က
ယုံကြည်ချင်စရာမကောင်းခဲ့တာကိုး ဟုပဲ
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရမည်။
ဟုတ်ပါတယ်။ အစတည်းက စမှားခဲ့သူက ကျွန်တော်ကိုယ်တိုင်သာ။

     ***

"သေချာရဲ့လား"

ကြေးစားသတင်းပေးသမားသည် ခေါင်းညိတ်သည်။ စင်္ကာပူလိုနိုင်ငံမျိုးမှာ နာ
မည်ကြီးသတင်းရောင်းဝယ်ဖြစ်နေသူဆိုတည်းက ဒီလူကတော့ လိမ်မည်မထင်။ နောက်ပြီး အစ်ကိုကြီးရဲ့ လက်ရုံးလည်း
ဖြစ်ခဲ့ဖူးသူဆိုတော့...

ကျွန်တော့်၏ ချင့်ချိန်စဉ်းစားမှုကို သူက ရလာသည့်သတင်းအစအနဖြင့်
ချိတ်ပိတ်သည်။

"ကလေးက မွေးစားထားတာ ၊ မိန်း
ကလေးတစ်ယောက်မွေးတာတဲ့...
အစ်ကိုလေးစုံစမ်းခိုင်းတဲ့အမျိုးသား
နာမည်ကို မတွေ့ခဲ့တာ ၊ ဒါပေမဲ့ မွေးစားဖို့မှတ်ပုံတင်တဲ့ အုပ်ထိန်းသူက
ရစ်ချယ်ဦးပဲ။ အဲ့ကလေးကိုမွေးစားချိန်နဲ့ ရစ်ချယ်ဆေးကုနေရတဲ့ အချိန်က အတူတူပဲ ။ ဘာလို့များ ရောဂါသည်းနေ
ချိန်မှာမှ ကလေးကို မွေးစားဖို့စဉ်းစားရတာလဲ။ နောက်ပြီး ကလေးရဲ့ တကယ့်အမေအရင်းကရောရောဂါကျွမ်းနေတဲ့
အမျိုးသမီးလက်ထဲ ဒီကလေးကို ထည့်လိုက်ရတာလဲ"

စေWhere stories live. Discover now