အပိုင်း ၁၀

19.8K 2.4K 44
                                    

အပိုင်း ၁၀

ကားဂိုဒေါင်အထိ ပြန့်လွင့်လာသော
မစ်ရှယ်၏ ခိုးခိုးခစ်ခစ်ရယ်သံလေး။ ခုတလောကျောင်းမသွားရ၍ အနည်း
ငယ်မှိုင်တွေတွေဖြစ်နေသည်မှာ ကြာပြီ။ အခုလို ရယ်သံလေးကြားရတော့
ပျော်မြူးနေတဲ့ မစ်ရှယ့်ကိုတွေ့ဖို့မစောင့်နိုင်တော့။ ကားကို သေချာပင်
ပါကင်မထိုးနိုင်။ ချက်ချင်းဂိုဒေါင်ထဲကအပြေးထွက်ကာ သမီးရှိနေမည့် ပန်း
ခြံထောင့်ကျိုးလေးကို သွားသောအခါ
ကျွန်တော့်ခြေလှမ်းတို့တုံ့ဆိုင်းသွားရ
သည်။ သမီးသည် ပတ်တံအတိုလေးကို ကိုင်ကာ သူ့ထံပျံဝဲတက်လာသော
ကြက်တောင်လေးကို မမီမကမ်း
လိုက်ရိုက်နေသည်။ မထိဘဲ မြေပေါ်ကျသွားရင်လည်း စိတ်မပျက်။ အပြုံးမပျက်
ပြေးကိုင်ရင်း အစ်မမြ ရှိရာသို့
ပြန်လည်ဆာဗင်ပေး၏။

တူလိုက်တာ။ ရစ်ချယ့်ကို ချက်ချင်းသတိရလာရပြန်သည်။

"သမီး"

ကျွန်တော့်ခေါ်သံကြားသောအခါ
အပျော်မြူးသော ပုံစံလေးဖြင့်
ကျွန်တော်ရှိရာသို့ပြေးလာသည်။ သိသိ
ရဲ့ နဲ့ပင် သမီးကို ထပ်မေးဖြစ်သည်။

"ဘာတွေလုပ်နေတာလဲ မစ်ရှယ်"

"ဘတ်တံရိုက်နေတာ"

ဝါး...ချစ်လိုက်တာ ။ ကြက်တောင်ရိုက်
တယ်မပြောဘဲ ကျွန်တော်ပြော
တတ်သလို ဘတ်တံရိုက်တယ်လို့ပြောလိုက်တာလေးကို ချစ်လိုက်တာ။ ကြက်တောင်အားကစားလောကမှ ကျွန်တော့်ကိုသိတဲ့ဘယ်သူမဆို "ကြက်တောင်ရိုက်
တယ် လုပ်ပါ။ ဘယ်နှယ့် ဘတ်တံရိုက်တယ်တုန်း" ဟု ဆိုကာ အများအပြား
ပြင်ပေးတတ်ကြသော်လည်း
ကျွန်တော်က ခေါင်းမာစွာ ဘတ်တံပဲ
ရိုက်ခဲ့တာ။ ခုတော့ ကျွန်တော်နဲ့
အတူတူ ခေါင်းမာမယ့်လူလေးရှိခဲ့ပြီ။

"ဒါနဲ့ မစ်ရှယ်က ဘတ်တံရိုက်တာ
ဘယ်လိုသိသွားတာလဲ"

ထိုအခါ မစ်ရှယ်ဖြေစရာမလို၊ အစ်မမြ
သည် ကျွန်တော့်ရှေ့ စိုးရွံရွံအမူအရြာ
ဖြင့်ရောက်လာပြီး

"မနက်က စတိုခန်းကို ဝင်ရှင်းတော့ Casအရင်ဆုရတုန်းက ပုံလေးတွေ တွေ့သွားတယ်"

ဟင် ။ အဲ့ပုံတွေ ။ ကျွန်တော်သိသည်။
ကျောင်းပိတ်ရက်မတိုင်ခင် အိမ်
ပြန်လာသောနှစ်က အဆောင်ခန်း
ထဲမှာ ထားထားသော ဓာတ်ပုံတွေကို
ဘောင်နဲ့တကွပြန်ယူလာခဲ့တာ။ အစကတော့ လွှင့်ပစ်မယ်ဟုစိတ်ကူး
သော်လည်း နောက်ဆုံးတော့ စတိုခန်းထဲမှာပဲ ပစ်ထားခဲ့ခြင်း။ အခု
ဒီလောက်ကြာနေပြီဖြစ်သောပုံတွေကို

စေWhere stories live. Discover now