အပိုင်း ၂၂

20.9K 2.4K 62
                                    

ပထမဆုံးဆေးသွင်းပြီး နောက်ဆက်
တွဲ ကုသမှုဖြစ်တဲ့ ​Prophylactic Cranial Irradiation လို့ ခေါ်တဲ့
ဓါတ်​ရောင်ခြည်​ပေးခြင်း​ကိုဆက်ယူ
ရတယ်။ ခေါင်းကိုဓာတ်ကင်ခြင်း လို့ခေါ်တဲ့ ဒီကုသမှုက နာရီ
ပိုင်းလောက်သာကြာ၍ ဆေးသွင်းသလို နာကျင်မှုမရှိ။
သမီးက တည်တည်ငြိမ်ငြိမ်လေးပဲ ရှိနေသည်။ သေခြင်းတရားကိုနီးကပ်စွာ မြင်တွေ့နေရရှာ၍လားမသိ။
သမီးက ဒီရက်ပိုင်းတွေအတွင်း အရွယ်
နဲ့ မလိုက်အောင် သိတတ်မှုတွေများခဲ့
သည်။ အရာရာကို နားလည်သဘော
ပေါက်လွယ်သော ကလေးပီပီ အခြေအနေတွေကိုလည်း မြန်မြန်ဆန်ဆန်ပင် သုံးသပ်နိုင်လိုက်သည်။

နေ့စဥ်နေ့တိုင်း ရောက်ရောက်လာသော
ဧက ကိုလည်း ဖော်ရွေစွာပင် ဆက်ဆံ
သည်။ တစ်ခုပဲ အစ်မမြဘယ်လိုပြော
ပြပြောပြ အဖေ လို့ မခေါ်တာပင်။ ကျွန်တော့်ကိုသာ ဆေးသွင်းသည့်နေ့ကတည်းက ပါပါး ဟု ခေါ်ခွင့်ရသွားသည်ကို သိသည်နှင့် ထို့နောက်ပိုင်း
Cas ဟူသော ခေါ်သံလေးက လုံးဝဆိတ်သုဥ်းပြီးခဲ့ပြီ။
ပါပါးဆိုသော အားပါလာသော အသံလေးဖြင့် ယုယမှုကို ပိုပိုသာသာတောင်းခံတတ်နေပြီ။
အခုလည်း အခန်းထဲမဝင်ခင်
"ပါပါး One Kiss" ဟု ဆိုကာ ပါးလေး
ကိုထိုးပေး၍ ပါးနှစ်ဖက်ပါမက ကတုံး
ပြောင်လေးကိုပါ နမ်းရှိုက်ပေးလိုက်
သော အခါ ကျွန်တော့်၏ အရောင်လွှမ်းပါးတစ်ဖက်ကို ငြင်သာစွာ ပြန်
မွှေးလေသည်။ ဘယ်လောက်ပဲ နာကျင်စရာတွေ တင်းကျပ်ဆို့ပိတ်နေ
ပါစေ။ သမီးက ကျွန်တော့်ရဲ့ ထွက်
ပေါက် အလင်းတန်းလေးတစ်ခုလိုပါပဲ။

ကုသမှု ခံယူပြီးနောက် သမီးကို အခန်း
ထဲ ပြန်ခေါ်သွားခွင့်ရှိသည်။ အိမ်ကို
ပြန်လို့တော့ မရသေး။ အခုသမီး
အခြေအနေက မျက်ခြေမပြတ်စောင့်
ကြည့်နေရသည့်အခြေအနေမို့ ဆေးရုံ
တွင်သာ နေနေရသည်။
ဆေးသွင်းစဥ်ကတော့ တော်တော်ကြာတဲ့ ထိသမီးနားကပ်ခွင့်မရှိ။ အရမ်း
နုနည်သေးသော အရွယ်မို့ ပြင်ပရောဂါကူးစက်မှုများမှ အပြည့်အဝကါကွယ်ပေးထားရသည်။ ဒါတေါင် ဆေးသွင်းထားသည့်နေရာက ကျောချရင် နာနေတတ်သေး၍ သမီးခမျာအိပ်ရင် ဘေးစောင်းလေးအိပ်ရသည်။

ဓာတ်ကင်ခြင်းက မကြာသော်လည်း
ကလေးပီပီ ပြန်ထွက်လာတော့ နွမ်း
လျနေသည်။ Wheel chairလေးပေါ်
ထိုင်နေသော သမီးကို အခန်းထဲပြန်ခေါ်
လာတော့ အသင့်ရောက်နေပြီးသော
လူက သမီးကို မြင်သည်နှင့် သမီးWheel  Chairအောက်ဒူးထောက်
ကြို၏။ ပိုတယ်ဟု မဆိုသာ။ သူက
ကျွန်တော့်ထက် သမီးကို ပြုံးပျော်
အောင် လုပ်ပေးနိုင်သည်လေ။

ေစWhere stories live. Discover now