အပိုင်း ၎
အိမ်အောက်ထပ် မှန်လုံဧည့်ခန်းတွင်း classical cello သီချင်းသံက ငြိမ့်ငြိမ့်ညောင်းညောင်းပြန့်လွင့်နေ
သည်။ ထိုထဲတွင်မှ မစ်ရှယ်၏ သဘောတကျ တခစ်ခစ်ရယ်သံလေးက ငွေခြူသံလွင်လွင်လေးထပ်ကာ
သာယာနာပျော်ဖွယ်ဟူသော ခက်ဆစ်အဖွင့်ကို ရသထပ်ဖြည့်ထားပေးသကဲ့သို့ရှိနေ၏။
အိမ်တွင်းစီး ဖိနပ်ဝတ်မထား၍ ခြေဗလာနှင့် ဖြစ်နေသော ကျွန်တော့်ခြေဖမိုးပေါ် မစ်ရှယ်၏ ခြေဖဝါးသေး
သေးလေးများကို ထပ်တင်ထားစေလျက် ပျော့အိအိလက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ဂီတသံစဉ်
အလိုက် လှုပ်ရှားနေကြခြင်း ။ ဒါသည်က ကျွန်တော်တို့၏ နှစ်ယောက်သာ သီးသန့်ကပွဲ
ပါတီလေး၊ မစ်ရှယ်သည်လည်း သူကြည့်ဖူးပါသော ကာတွန်းကားထဲမှ မင်းသမီးလေးတစ်ယောက်ဟန်
အပြည့်ဖြင့် ကျွန်တော့်ခြေလှမ်းများပေါ်မှာပင် သူ၏ခြေထောက်သေးလေးတွင် ထပ်တူလိုက်လျက်
ဂါဝန်ပန်းရောင်လေးကို တလွင့်လွင့်ဝေ့ဝဲနေစေသည်။
နို့နှစ်ရောင် ပမာ ဖြူဖွေးဥနေသော အသားအရည်နှင့် လိုက်ဖက်သော အရောင်တောက်တောက်ပပ
များထက် မစ်ရှယ်က အဖြူနှင့် ပန်းရောင်ကို သာ ခုံခုံမင်မင်ဝတ်ဆင်တတ်သည်။ သူ၏ ကိုယ်ပိုင်အခန်းကို
လည်းပန်းရောင်သာ လွှမ်းနေစေသူ။
ဂီတသံ၏အမြင့်ဆုံးအပိုင်းရောက်လာလေ ကျွန်တော့်၏ စီးချက်ကျ လှမ်းနေမှုများ မြန်လာသော
အခါတွင်တော့...
"Cas...stop.နာတယ်"
ဟုဆိုလာသောအခါ အလိုလို ကျွန်တော်ကောက်ပွေ့မိတော့သည်။
မူကြိုတက်နေပြီဖြစ်၍ ချီပိုးခြင်းသည် ကလေးငယ်လေးများသာ ခံယူထိုက်သော အခွင့်အရေးဟု
အသိရှိနေသော မစ်ရှယ်သည် ကျွန်တော့်ကို အောက်ချပေးရန် တောင်းဆိုပါ၏။
"ဘယ်နားက နာတာလဲ မစ်ရှယ်"
"Leg နောက်ပြီး toeလေးတွေ"