Ending Part One

26.2K 2.5K 131
                                    

"အင်း ဒီကိစ္စက မိသားစုထဲမှာတောင်
တင်းတင်းကျပ်ကျပ် သိုဝှက်ထားတဲ့
လျှို့ဝှက်ချက်ပဲ။ ကာယကံရှင်တွေက
လွဲလို့ တခြားလူသိလို့ မသင့်တော်
အင်း အဲ့လိုပဲ သုံးရမှာပေါ့"

ယေက္ခမ ၏ အလုပ်အကိုင် ကိုက တိုင်
ပင်ဆွေးနွေးရေး စိတ်ပညာရှင်ဆိုသည့်
အတိုင်း စကားပြောရာမှာ သိပ်စိတ်ရှည်တယ်။ သူကတော့ ပြောင်းပြန်အချိုးကို အင်ဖန်နတီနှုန်းဖြင့် ကျသည်။

"ဟုတ် ရပါတယ် ။ ပြောချင်မှလည်း
ပြောပါ။ ဒီကိစ္စက ကျွန်တော်နဲ့ Cas
ရှေ့ဆက်ဖို့ အတားအဆီးမဟုတ်ဘူး
ဆိုရင် မသိရလည်းဖြစ်တယ်"

ရယ်ပါတော့သည်။ ခေါင်းမော့ကာ ဆံ
ပင်လေးကိုနားနောက်သပ်တင်လျက်
ရယ်ပုံက ရစ်ချယ်နှင့်တောင် ဆန်သေး
၏။ Cas ၏ မထီတထီ အပြုံးနှင့်ယှဥ်
ပါက ရိုးသားမှုတို့ရာနှုန်းနည်းလှတယ်။
ဒီလိုအမေ ၊ ဒီလိုအစ်မတွေ ကမွေးလာ
ပေမဲ့ ကိုယ့်အချစ်က ရိုးရှင်းနေ၍
စိတ်ကြီးဝင်ကာ ကိုယ့်အတွေးနဲ့ ကိုယ်
ပြုံးမိသည်ကို ယေက္ခမက ကော်ဖီ
ငုံရင်းလှမ်းကြည့်သည်။

အခုထက်ထိ ပြောသင့်မပြောသင့် ဝေ
ခွဲမရနိုင်လောက်အောင် ကိစ္စက ကြီး
နေသည်လား။ ပြောမှာဖြင့်လည်းပြော
မပြောရင် သမီးနဲ့ Cas ဆီပြန်ချင်နေပြီ
တစ်နေ့လုံးမတွေ့ရ၍ လွမ်းနေသည်ကို
တော့ အလိုက်တသိရှိသင့်သည်ဟု
ထင်၏။

"ဆောရီးနော် တွေးနေတာ ကြာသွားလို့"

စိတ်မရှည်သဖြင့် မျက်မှောင်တို့ကအလိုလို တွန့်ချိုးမိသွားပုံပါပဲ။ ယေက္ခ
မ သည် ကိုယ်ကို ပြင်ထိုင်ရင်း ဘေး
ဘီကို တစ်ချက်ဝေ့ကြည့်သေး၏။

"ဘယ်က အရင်စပြော မလဲ။ အင်း...
အန်တီတို့ မိဘတွေက Cas တို့ အဖေရဲ့ဘိုးဘေးတွေရဲ့  လူရင်းလူယုံတွေ
ပေါ့။ အန်တီတို့လည်းတောင်ပေါ်မှာပဲ
နေလာကြတာ။ ဒါပေမဲ့ Cas တို့ အဘွားခေတ်ရောက်တော့ မှ ရန်ကုန်
တက်လာကြတာ။ နောက် Casတို့အဖေ
ကို မွေးတယ်။ Casတို့အဖေနဲ့ အန်တီက
လပိုင်းပဲကွာတယ်။ Cas တို့ အဘွားက
ရန်ကုန်မှာ ကျောင်းတက်ဘွဲ့ရပေမဲ့
အန်တီတို့မိဘတွေကတော့ တောင်ပေါ်
မှာပဲနေခဲ့ကြတော့ အန်တီလည်းတောင်
ပေါ်မှာပဲ မွေးလာရတယ်ပေါ့။ ဒါပေမဲ့
Cas တို့ အဘွားက အန်တီမူလတန်း
ပြီး အလယ်တန်းတက်တဲ့နှစ်မှာပဲ
လာခေါ်တာနဲ့ အန်တီလည်းရန်ကုန်
ရောက်ခဲ့ရတယ်။ အဲ့တည်းက Cas
တို့ အဖေနဲ့ အတူတူစား ၊ အတူတူကျောင်းသွားရင်းနေခဲ့ကြတာ နှစ်ယောက်သား ဆေးကျောင်းရောက်တဲ့
ထိပဲ"

ေစWhere stories live. Discover now