အပိုင်း ၂၁

19.3K 2.4K 79
                                    

လေအေးပေးစက်၏ အအေးဓာတ်
ဖြန့်ခြုံထားသော ကားနောက်ခန်းထဲမှာပေမဲ့ Cas ၏ နဖူးပြင်တွင် ချွေးစေးတို့ စို့နေရှာဆဲ။

သူ၏ လက်ဖဝါးဖြင့်သာ ပွတ်တိုက်သုတ်သင်ပေးသည့်တိုင် တုတ်တုတ်မှ မလှုပ်။
ဒီကောင်လေးက အဲ့လိုပဲ။ သူ့စိတ်
မှီတည်ရာ တစ်ခုတည်းမှာသာ အာ
ရုံစိုက်နိုင်တယ်။ ထိုအချိန် ဘယ်သူ
ဘာပြောပြော ဘာလုပ်လုပ် အာရုံထဲ
ကိုမရှိ။ အထိအတွေ့ခံစားနိုင်ခြင်းသည်လည်း ဝေးစွ။

ဝမ်းနည်းစိတ်ကို ချိုးနှိမ်ချထားသည်ကို မခံနိုင်စွာ သူ၏နှုတ်ခမ်းတို့သည်
ကား တလှုပ်လှုပ်နှင့်။ လူသူလေးပါး ကင်းရှင်း၍ သစ်ပင်ကြီးအရိပ်တို့သာ ခြုံငုံထားသော ပတ်ဝန်းကျင်တွင် ဖုန်းထဲမှပြန့်လွင့်လာသော မိန်းကလေးတစ်
ယောက်၏ စကားသံတွေသာ ရှိနေ၏။

သိပြီး နားထောင်ပြီး ကြည့်ပြီးသားဖြစ်
နေသည့်တိုင် ထိုမိန်းကလေး၏ စကား
လုံးတိုင်းတွင် ပြောင်းလဲသွားတော့မည့်
သူ့ အမူအရာတစ်ခုချင်းစီကို အသေး
စိတ်မလွတ်တန်း လိုက်ကြပ်မတ်နေ
ပေးဖြစ်သည်။

"ရစ်ချယ်ရပြီ"

ဟူသော အသံနောက် ပေါ်လာသော
ရစ်ချယ်ပုံရိပ်ကြောင့်

"အစ်မ" ဟူသော အသံတိုးတိုးလေး
ထွက်လာသည်။

ဖုန်းကိုကိုင်ထားသော လက်ချောင်း
လေးများပိုမိုတင်းရင်းသွားသဖြင့်
လက်သည်းခွံကြည်ကြည်တို့တွင်
သွေးရောင်စိမ့်တက်လာ၏။
ဒါလေးတွေက အစ သူငေး၍မဝ။

"အဟမ်း ဧက ။ ဒီဗီဒီယိုသာ နင့်လက်ထဲရောက်ရင် ကောင်းတဲ့ကိစ္စတွေဖြစ်မလာလို့ပဲ။ အခု ငါ ကင်ဆာရှိနေပြီ။ Lymphoblastic Leukemia တဲ့။ ပါးပါး အမွေပေါ့ဟာ"

ပါးပါးအမွေပေါ့ဟာ ဆိုသော နေရာတွင် အဖျားခတ်တုန်သွားသော အသံ
လှိုင်းကို ထပ်တူခံစားမိစွာ Casသည်
လည်း တံတွေးတစ်ချက် မြန်မြန်မျိုချ
လျက် မျက်တောင်ဖျားတို့ အမြန်ခတ်
သိမ်းတော့၏။ စိတ်သက်သာရာရစေ
ခြင်းငှါ ခေါင်းကိုဖွဖွပုတ်ကာ နှစ်သိမ့်
ပေးပါသော်လည်း သူ့ထံတွင် အာရုံမရှိ။
သူ၏ ဂရုစိုက်မှုများက သေသူတစ်
ယောက်၏ မှာတမ်းအောက် လျစ်လျူ
ရှုခံနေရခြင်းအပေါ် ဘဝင်မကျရှိလှ၏။

ေစWhere stories live. Discover now