အပိုင်း ၁၉

21.7K 2.2K 96
                                    

"မဖြစ်နိုင်ဘူး။ ကျွန်တော့်သမီးက
ကျွန်တော့်တို့ မျိုးရိုးထဲကမှ မဟုတ်
တာ။ ဒီရေါဂါ ဘယ်လိုလုပ်ဖြစ်နိုင်မှာ
လဲ"

တံခါးပေါက်ကိုကျော်ကာ အသံတို့က
လျှံကျနေသည်။ ဧက တံခါးစောင်းကို
ကိုယ်တစ်ခြမ်းမီရင်း အထဲမှ အသံတို့ကိုနားစွင့်နေလိုက်သည်။
ထိုစကားဆုံးဆုံးချင်း မြ က သူရှိရာ
ဖက်သို့လှမ်းကြည့်သည်။
စိတ်ရှည်သော ကင်ဆာဌာန အဖွဲ့မှူးသည် ရှင်းပြပြီးပြီဖြစ်သောအကြောင်းအရာတို့ကိုထပ်ကာရှင်းပြနေသည်။

"အခု ကလေးဖြစ်နေတာ ကလေးတွေ
အဖြစ်များတဲ့ ရုတ်တရက်သွေးကင်
ဆာ၊ သူကမျိုးရိုးမရှိလည်းဖြစ်တတ်
တယ်။ မျိုးရိုးရှိရင်တော့ ဖြစ်နိုင်ချေ
ရာခိုင်နှုန်းပိုများတာပေါ့။ တချို့က  စဖြစ်ခါစ အဆင့်ပေမဲ့လို့ ကလေးက အရမ်းငယ်သေးတဲ့အတွက် ဓာတ်ရောင်ခြည်ပေးကုသခြင်းတွေမှာ ခံနိုင်ရည် မရှိမှာကိုစိုးရိမ်စရာရှိတယ်။အခု လက်တလောယူရမယ့် 
Chemotherapy(ကင်ဆာ​ဆေးသွင်း) တယ်ဆိုတာ သဘောက အခုရှိ
နေတဲ့ မကောင်းတဲ့ သွေးဖြူဥတွေကို
သတ်လိုက်တာ။ ဒါ ရောဂါပျောက်သွား
တာမျိုးမဟုတ်ဘူး"

"ဘယ်လိုလုပ်ရင် ရောဂါအရှင်းပျောက်သွားနိုင်မလဲ ပဲ ကျွန်တော်သိချင်တယ်"

အခန်းအပြင်ကနေ ဟားခနဲ  ရယ်မိ၏။
အခန်းထဲချောင်းကြည့်သောအခါ
ရှင်းပြနေသော ဒေါက်တာမှာ မျက်နှာပင်ပျက်တော့မယောင်ယောင်။ ပညာ
ရှိပေမို့ ထွက်ခါနီးအမျက်ပြန်မျိုချလိုက်နိုင်သည့်ဟန်။ သားသမီးဇောကပ်
နေသည့် မိဘများစွာကိုလည်း တွေ့ကြုံ
ဖူးနေသည့် ဝါရင့်ပုဂ္ဂိုလ်မို့သာပဲ။ မဟုတ်ရင်...
ကိုယ့်ကိုဆက်ဆံသလို လူတိုင်းကို ဆက်ဆံလို့ မရတဲ့ အကြောင်း ကောင်ဆိုးလေးအား နောင်မှရှင်းပြပေးရမည်ဟု ထေးမှတ်ထားလိုက်သည်။

ဆရာကတော့ သူ့တာဝန်အတိုင်းဆက်
လက်ရှင်းပြနေဆဲ။

"ကင်ဆာက လောလို့တော့ မရပါဘူး
သူ့အဆင့်နဲ့ သူ ကုသမှုတွေရှိတယ်။
ဆေးသွင်းပြီးနောက်တစ်ဆင့်က
ခေါင်းကို Radiotherapy ဓါတ်ရောင်ခြည်​ပေးရတယ်။ ဒါ ပုံမှန်ကုထုံး
အဆင့်တွေပါ။ အဲ့မှာမှ ဆဲလ်တွေက
ထပ်ပြီးပွါးလာမယ်ဆိုရင်တော့ နောက်
ထပ် ဆေးသွင်းခြင်းကို..."

ေစWhere stories live. Discover now