Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄)ယင်ကိုးပါးမြက် သန့်စင်ခြင်းပြီးဆုံး။
မြေနဂါးမြစ် သန့်စင်ခြင်းပြီးဆုံး။
မီးတောက်စေ့ သန့်စင်ခြင်းပြီးဆုံး။ဆေးအမယ်ပေါင်းသုံးဆယ်ကျော်လောက်ကို 2 နာရီခန့်သန့်စင်ပြီးသွားတော့လုံချန်တစ်ကိုယ်လုံးချွေးတွေ
ရွှဲနေပြီ။ဆေးသန့်စင်တယ်ဆိုတာရိုးရိုးဆေးဖော်စပ်တာနဲ့တော့မတူဘူး။ဆေးအမယ်တွေထဲရောနေတဲ့
အညစ်အကြေးတွေကိုဖယ်ရှားနေချိန်မှာပဲဆေးအဆီအနှစ်တွေထုတ်ရင်းဆေးတွေကအမှုန့်ပုံစံပြောင်းသွား
တယ်။သို့သော်လည်းလုံချန်ရဲ့ဆေးမီးတောက်ကအစွမ်းသိပ်မထက်သေးတာမို့သန့်စင်ထားတဲ့ဆေးတွေ
မှာအညစ်အကြေးတွေအများကြီးကျန်နေသေးလို့နေတယ်။ပထမဆုံးအနေနဲ့သူ့မှာသိုင်းပညာမရှိသေးတာကြောင့်လိုအပ်တဲ့ဆေးမီးတောက်ကိုသူ့ရဲ့အားနည်းနေ
တဲ့စွမ်းအားတွေကနေထုတ်သုံးနေရတယ်လေ။ဒုတိယအချက်ကဆေးမီးတောက်အမျိုးမျိုးကိုလိုသလို
မထိန်းချုပ်နိုင်သေးတဲ့အတွက်သူ့မှာရှိတဲ့စွမ်းအားကိုပဲတတ်နိုင်သလောက်သုံးနေရတာပါ။ဒါပေမယ့်
ဆေးလမ်းစဉ်လိုက်စားချင်ရင်အားကောင်းတဲ့ဆေးမီးတောက်တင်လိုတာမဟုတ်ပဲစိတ်စွမ်းအားကောင်း
ကောင်းပါလိုတယ်လေ။နောက်အရေးကြီးဆုံးတစ်ချက်ကစိတ်စွမ်းအားအလွန်အမင်းကောင်းရမယ်။အခြားလိုအပ်ချက်တွေကတော့သိပ်ခက်ခက်ခဲခဲတွေမဟုတ်ပါဘူး။ဆေးမီးတောက်အကြောင်းပြောရရင်
ဆေးမီးတောက်ဟာ မီးတောက်ဖန်ဆင်းလို့ရတဲ့မှော်သားရဲတွေကိုယဉ်ပါးအောင်လုပ်ပြီးသူတို့မီး
တောက်ကိုကိုယ့်မီးတောက်အဖြစ်ကျင့်ယူပြီးအသုံးချလို့ရပါတယ်။ဆေးဆရာ(ဆေးဝိဇ္ဇာ)တွေ99ရာ
ခိုင်နှုန်းခန့်ဟာဒီလိုနည်းနဲ့ပဲမီးတောက်ကိုအသုံးပြုကြတယ်လေ။တန်ခိုးအလွန်ကြီးတဲ့လက်တစ်စုပ်စာ
လောက်ရှိတဲ့လူတွေကပဲကောင်းကင်နဲ့မြေကြီးကြားမှာရှိတဲ့ဒဏ္ဍာရီလာမီးတောက်တွေကိုထိန်းချုပ်နိုင်
စွမ်းရှိကြပါတယ်။စိတ်စွမ်းအင်မီးတောက်တွေမှာသူတို့ကိုယ်ပိုင်စိတ်ဝိညာဉ်တွေရှိကြတယ်။လုံချန့်မှတ်ညာဏ်တွေအရ
ဆိုရင်လုံချန်ဟာအလွန်တန်ခိုးကြီးတဲ့မီးတောက်တစ်မျိုးကိုထိန်းချုပ်နိုင်ပါတယ်။ဒါပေမယ့်အတိတ်မှာ
ဘယ်လောက်ပဲတန်ခိုးကြီးတဲ့မီးတောက်တွေထိန်းချုပ်ခဲ့ချုပ်ခဲ့အခုတော့ဘာမှမဟုတ်တဲ့မီးတောက်လေး
ကိုသာသူအသုံးပြုနိုင်သေးတယ်လေ။ဘယ်လိုပဲဖြစ်ဖြစ်သူ့မှတ်ညာဏ်ထဲကအကြောင်းအရာတွေကအပြင်
ကိုထုတ်လို့မှမရတာ။
YOU ARE READING
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasyသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...