Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၂၇)သားရေချပ်လေးပေါ်ကအစက်ကိုးစက်ကိုကြည့်ပြီးလုံချန်နက်နက်နဲနဲစဉ်းစားခန်းဖွင့်နေတယ်။ထိုအစက်
ကိုးစက်ကဘယ်လိုမှဆက်စပ်ကြည့်လို့မရဖြစ်နေတယ်။ထိုအစက်ကိုးစက်အကြောင်းရှင်းပြထားမှုလည်း
မရှိဘူး။ဒါပေမယ့်လုံချန်သေသေချာချာကြည့်တော့မှအစက်တွေတစ်ခုနဲ့တစ်ခုကြားကိုဆက်ထားတဲ့
အလွန်မှိန်နေတဲ့လိုင်းလေးတွေကိုသွားတွေ့တယ်။"ဒါလေးတွေဟာကျင်ဇီအမှတ်ကိုးမှတ်ဖြစ်မယ်"
(ကျင်ဇီအမှတ်ဆိုတာတရုတ်အပ်စိုက်ကုထုံးမှာသုံးပါတယ်)
အချိန်အတော်ကြာအသေးစိတ်စစ်ဆေးပြီးမှလုံချန်ကောက်ချက်ချလိုက်ပါတယ်။ထိုမြေပုံလိုဖြစ်နေတဲ့
အစက်လေးတွေကို အမျိုးမျိုးချိတ်ဆက်ကြည့်ပြီးမှ ထိုသို့ လုံချန်ကောက်ချက်ချလိုက်ခြင်းဖြစ်ပါတယ်။"လီယောင်အမှတ်ထဲကိုဝင် ဟူမင် အမှတ်နဲ့ပေါင်းပြီး ချူချီအမှတ်ကိုဝင်...အဲ့ဒိကနေမှတစ်ဆင့် လောင်
ဂွန်အမှတ်နဲ့ချိတ်လိုက်တာလား"အမှတ်ကိုးမှတ်ကို နှုတ်ကနေခပ်တိုးတိုးရွတ်ရင်း လုံချန်ဆက်စပ်ကြည့်နေတယ်။
"ဒါ...လက်သီးသိုင်း...လက်ဝါးသိုင်းတော့မဟုတ်လောက်ဘူး လက်နက်တစ်မျိုးမျိုးကိုအသုံးပြုတဲ့သိုင်း
ပညာဖြစ်ရမယ်""ကောင်းလိုက်တဲ့ သိုင်းပညာ"
သူသေသေချာချာလေ့လာကြည့်တော့ ထိုအမှတ်ကိုးမှတ်ကနေချီစွမ်းအင်တွေစီးဆင်းတဲ့အခါမြစ်တစ်ခု
ကိုဆည်ဆောက်ပြီးပိတ်ထားသလိုမျိုးဖြစ်နေတယ်ဆိုတာကိုတွေ့လိုက်ပါတယ်။အချို့ကွေးကိုးခုကိုဖြတ်ပြီး
နောက်မှ လွှတ်လိုက်ရင် ချီစွမ်းအင်တွေဟာ အလွန်ပြင်းထန်ပြီးကြောက်စရာကောင်းပါလိမ့်မယ်။ဒီတစ်ကြိမ်တော့ရတနာတစ်ခုကိုသူရခဲ့တာပါပဲ။ထိုသိုင်းပညာဟာမည်သည့်အဆင့်မျိုးရှိတယ်ဆိုတာ
ကိုသူမသိပေမယ့်ကျိန်းသေတာကတော့လုံးဝကိုအဆင့်မနိမ့်ပါဘူး။သူ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲချီစွမ်း
အင်တွေဟာလီယောင်အမှတ်ကိုစီးဆင်းသွားတယ်။ဒါပေမယ့်ဒုတိယကျင်ဇီအမှတ်ကိုအရောက်မှာ
တော့ချီစွမ်းအင်တွေဆက်မသွားတော့ဘူး။
KAMU SEDANG MEMBACA
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasiသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...